top of page
Appending & Merging Queries
ဆက်လက်လေ့လာရမည့် သင်ခန်းစာ
ဤစာမျက်နှာတွင်ပါဝင်သည့် ခေါင်းစဉ်များ

Query  ဆိုသည်မှာ Power Query အတွင်းသို့ ထည့်သွင်းထားသည့် Data Table ကို ရည်ညွှန်း ခေါ်ဆို ခြင်းဖြစ်ပါသည်။

Appending Queries ဆိုသည်မှာ Query များကို Dataset တစ်ခုအဖြစ် အပေါ်အောက် (Vertical) ပေါင်းစည်းခြင်းဖြစ်ပြီး Merging Queries ဆိုသည်မှာ Queries များကို Dataset တစ်ခုအဖြစ် အလျား လိုက် (Horizontal) ပေါင်းစည်းခြင်းဖြစ်သည်။

3.1 Appending Queries

တူညီသော Format ရှိသည့် Data များကို Source အသီးသီးမှ Power Query  အတွင်းသို့ သီးခြားစီ ထည့်သွင်းထားခဲ့ပြီး ထို Dataset များကို Single Dataset အဖြစ် ပေါင်းစည်းလိုသည် ဆိုပါစို့။ ထို့အခြေ အနေမျိုးတွင် Appending Function ကို အသုံးပြုနိုင်ပါသည်။

ဤသင်ခန်းစာအတွက် Jan, Feb, Mar လ သုံးလအတွက် ဖိုင်အသီးသီးကို Power Query အတွင်းသို့ သီးခြားစီထည့်သွင်းပြီးနောက် Close and Load ပြုလုပ်သည့် အခါတွင် Only Create Connection ဖြင့် Power Query အတွင်းတွင် သိမ်းဆည်း ထားပါမည်။ ထို့နောက် အောက်ပါအတိုင်း Query အတွင်းတွင် လသုံးလအတွက် Query သုံးခုထည့်သွင်းပြီးသည့် အခြေအနေကို အောက်ပါအတိုင်း တွေ့ရှိရပါမည်။

image2.png
Mar.JPG
1.png

Power Query Editor Window  တွင် Home Tab အောက်ရှိ Append Queries ကို ကလစ်ပါမည်။ ရွေးချယ်ရန်နှစ်ခုတွေ့ရပါမည်။ Append Queries ကို ရွေးချယ်လျင် လက်ရှိ Active ဖြစ်နေသည့် Query တွင် အခြား Query Data များ လာရောက်ပေါင်းစည်းသွားမည်ဖြစ်ပြီး Append Queries as New  ကို ရွေးချယ်လျင် Append ပြုလုပ်သည့် Data များ ပေါင်းစည်းပြီး Query အသစ်တစ်ခု ရရှိသွားမည် ဖြစ်ပါ သည်။ မိမိလိုအပ်သည့်အပေါ်မူတည်၍ ရွေးချယ်ရန်ဖြစ်ပါသည်။

Append Queries ကို ကလစ်လိုက်သည့်အခါ Append Box ကျလာပါမည်။ အဆိုပါ Box တွင် Table နှစ်ခုသာ ပေါင်းစည်မည်လား - Two Tables  (သို့မဟုတ်) သုံးခုနှင့်အထက် Table များကို ပေါင်းစည်မည်လား- Three or more tables ဟူ၍ Option နှစ်မျိုး ရှိပါသည်။ Two tables ကို ရွေးချယ်ပါက ပေါင်းစည်းလိုသည့် Table နှစ်ခု ( Query နှစ်ခု ) ကို ရွေးချယ်ပေးရန်သာ ဖြစ်ပါသည်။

Three or More Tables ကိုရွေးချယ်ပါက ဘယ်ဘက်တွင် Power Query အတွင်းထည့်သွင်းထားသည့် Table အမည်များကို မြင်တွေ့ရမည်ဖြစ်ပြီး Append ပြုလုပ်လိုသည့် Table အမည်ကို Select မှတ်၍ Add ပြုလုပ်ပေးရမည် ဖြစ်ပါသည်။ ထိုသို့ Add ပြုလုပ်သည့်အခါ ညာဘက်အကွက်သို့ ရောက်ရှိသွားမည် ဖြစ်ပါသည်။ စိတ်ကြိုက်ထည့်သွင်းပြီးပါက OK နှိပ်လိုက်ပါမည်။

ယခုအခါ Append ပြုလုပ်ရန် ရွေးချယ်သတ်မှတ်ထားသည့် Table များသည် Dataset တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားမည် ဖြစ်ပါသည်။

Feb.JPG
image3.png
image4.png
1.png
bottom of page