top of page
6. Case Study Part 1
Practical Case Studies

Cumulative Total ဆိုသည်မှာ စတင်သည့်နေ့မှ ယခုရောက်ရှိ နေသည့် ရက်စွဲထိ တန်ဖိုးစုစုပေါင်းကို ရည်ညွှန်း ခေါ်ဆိုခြင်းဖြစ် သည်။ အောက်ပါ Pivot Table တွင် Profit Column ၌ တစ်လ ချင်း၏ တန်ဖိုးများ ရရှိနေမည် ဖြစ်ပြီး Cumulative Total Column တွင် January လမှ စတင်၍ ယခုလက်ရှိရောက်နေသော လအထိ တန်ဖိုးများ ပေါင်းထားသည့် Cumulative Total တန်ဖိုး များရရှိနေသည်ကို တွေ့ရပါမည်။

ဥပမာအားဖြင့် February လ ၏ Cumulative Total သည် January လနှင့် February လတို့၏ တန်ဖိုးနှစ်ခုစုစုပေါင်း ဖြစ်ပြီး March လအတွက် Cumulative Total သည် January လမှ March အလထိ တန်ဖိုးများ စုစု ပေါင်းတန်ဖိုးဖြစ်သည်။ ထိုကဲ့သို့ Cumulative Total တန်ဖိုးများ ရရှိရန်အတွက် အောက်ပါအတိုင်း Formula ရေးသားထားပါသည်။

Cumulative Total:= CALCULATE([Profit],

              FILTER(ALL('Date'),'Date'[Date]<=MAX('Date' [Date])))

ရေးသားထားသည့် Formula သည် Date Table တွင် FILTER Formula ဖြင့် Filter စစ်ထုတ်ထား သည့်အတိုင်း Profit Measure ကို တွက်ချက်ပေးရန် CALCULATE Formula ဖြင့် ရေးသား သတ်မှတ်ထားခြင်း ဖြစ်ပါသည်။

Filter စစ်ထုတ်ရန် ရေးသားထားသည့် Formula မှာ FILTER(ALL('Date'),'Date'[Date]<= MAX ('Date' [Date])) ဟု ရေးသားထားရာ ဤ Formula ၏ အလုပ်လုပ်ပုံကို လေ့လာကြည့်ပါမည် -

 

  • စစ်ထုတ်မည့် Date Table အား ALL ဖြင့် ဝန်းရံရေးသားထားခြင်းဖြစ်ရာ Pivot Table မှ Filter များသည် Date Table တွင် သက်ရောက်စစ်ထုတ်နိုင်မှုမရှိပဲ မည်သည့်နေရာတွင် တွက်ချက်မှု ကိုဆောင်ရွက်သည်ဖြစ်စေ Date Table တစ်ခုလုံးကို ထည့်သွင်းတွက်ချက်မည် ဖြစ်ပါသည်။

  • Bold Format ရှိသည့် 'Date'[Date] Column တွင် တစ် Row ချင်း တိုက်ဆိုင်စစ်ဆေး၍ Filter စစ်ထုတ်ရန်အတွက်လိုအပ်သည့် Row Context ကို FILTER Formula မှ ဖန်တီးသက်ရောက် စေမည် ဖြစ်ပါသည်။

  • Underline တားထားသည့် 'Date' [Date]  Column တွင် Pivot Table ၏ Filter Context များ သက်ရောက်၍ Filter စစ်ထုတ်သွားမည် ဖြစ်ပါသည်။ ဥပမာအားဖြင့် အောက်ပါ Pivot Table တွင် Select   မှတ်ထားသည့် တန်ဖိုးရရှိရန် အတွက် Date Table တွင် 2013 February ၏ ရက်စွဲများ ကိုသာ Filter စစ်ထုတ်၍ တွက်ချက် ပေးသွားမည် ဖြစ်ပါသည်။ Formula တွင် MAX ('Date' [Date]) ဟု ရေးသားထားရာ လက်ရှိ Cell ၏ Date များမှ အကြီးဆုံးတန်ဖိုး ( တနည်းအားဖြင့် နောက်ဆုံးရက်စွဲ ဖြစ်သည့် 28-2-2013) ကို ရယူတွက်ချက်ပေးသွားမည် ဖြစ်ပါသည်။

 

 

 

Filter စစ်ထုတ်ရန် ရေးသားထားသည့် Formula မှာ FILTER(ALL('Date'),'Date'[Date]<= MAX ('Date' [Date])) ဖြစ်ရာ အဆိုပါ Formula ကို ဘာသာပြန်ဆိုရသော် DATE Table တစ်ခုလုံးကို Filter စစ်ထုတ်မည်၊ စစ်ထုတ်ရမည့် သတ်မှတ်ချက်မှာ Date Column တွင် ယခု လက်ရှိ တွက်ချက်သည့် Cell ကွက်နှင့်သက်ဆိုင်သော Date များမှ အကြီးဆုံး Date နှင့် ၎င်း Date ထက် ငယ်သော Date များအားလုံးကို ရယူရန် သတ်မှတ် Filter စစ်ခြင်းဖြစ်သည်။

  • Cumulative Total ရရှိရန် ရေးသားသည့် Formula အပြည့်အစုံမှာ CALCULATE([Profit], FILTER(ALL('Date'),'Date'[Date]<=MAX('Date' [Date]))) ဖြစ်ရာ အထက်ပါ Pivot Tableတွင် Select မှတ်ထားသည့် Cell ကွက်အတွက် 28-2-2013 ရက်စွဲအပါအဝင် ၎င်းထက် ငယ်သည့် ရက်စွဲများအားလုံးကို Date Column တွင် Filter စစ်ထုတ်ပေးသွားမည်ဖြစ်ပြီး ၎င်းရက်စွဲများနှင့် ဆက်စပ်ပတ်သက်သည့် Profitများကို CALCULATE Formula မှ တွက်ချက်ပေးသွားမည် ဖြစ်ပါသည်။

အထက်ပါ Formula သည် Cumulative Total တန်ဖိုးများကို မှန်ကန်စွာ တွက်ချက်ပေးပြီး ဖြစ်သည်။ သို့ရာတွင် DATE Table ၌ လက်ရှိ အရောင်းမရှိသေး သော Date များ ပါရှိနေရာ Pivot Table တွင် အောက်ပါအတိုင်း တွေ့ရပါမည်။

9.3 Cumulative Total

image142.png
image143.png
image144.png
ဤစာမျက်နှာတွင်ပါဝင်သည့် ခေါင်းစဉ်များ
ဆက်လက်လေ့လာရမည့် သင်ခန်းစာ

သို့ဖြစ်ရာ  အရောင်းမရှိသေးသည့် လများတွင် တန်ဖိုးများ မပေါ်စေရန် ရေးသားခဲ့သည့် Formula အား အောက်ပါအတိုင်း ပြုပြင်ရေးသားလိုက်ပါမည်။

Cumulative Quantity:=

IF( MIN('Date'[Date]) <= CALCULATE(MAX(Sale[Date]),ALL(Sale)),

CALCULATE(SUM(Sale[quantity]),  FILTER(ALL('Date'), 'Date'[Date] <= MAX('Date'[Date]))))

အထက်ပါ Formula တွင် Bold တင်ထားသည့် အပိုင်းကို ထပ်မံ ဖြည့်စွက်ရေးသားထားခြင်း ဖြစ်သည်။ IF Formula ဖြင့် စစ်ဆေးခြင်းဖြစ်ရာ စစ်ဆေးသည့် Logical Test သည် TRUE ရခဲ့ပါက ယခင် တွက်ချက် မှုကို ဆောင်ရွက်ရန်ဖြစ်ပြီး  FALSE ရပါက မည်သည့်တွက်ချက်မှုမျှ မဆောင်ရွက်ပါဟု သတ်မှတ် ရေးသားထားခြင်းဖြစ်သည်။

စစ်ဆေးသည့် Logical Test မှာ MIN('Date'[Date]) <= CALCULATE(MAX(Sale[Date]),ALL(Sale)) ဖြစ်ရာ MIN('Date'[Date]) သည် Pivot Table တွင် လက်ရှိ  Cell နှင့်သက်ဆိုင်သော Date များထဲမှ အငယ်ဆုံး ရက်စွဲကို ရှာဖွေပေးမည် ဖြစ်သည်။ CALCULATE(MAX(Sale[Date]),ALL(Sale)) သည် Sale Table ၏ Date Column မှ အကြီးဆုံး Date ကို တွက်ချက်ပေးမည် ဖြစ်သည်။

ထို့ကြောင့် ရေးသားထားသည့် Logical Test အား ဘာသာပြန်ဆိုရသော် Pivot Table တွင် တွက်ချက်မည့် Cell ကွက်နှင့်သက်ဆိုင်သည့် Date များထဲမှ အငယ်ဆုံး Date တန်ဖိုးသည် Sale Table ၏ အကြီးဆုံး Date တန်ဖိုးထက် ညီသလား (သို့မဟုတ်) ငယ်သလား ဟုတ် စစ်ဆေးခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရသော် Pivot Table တွင် တွက်ချက်မည့် Date သည် Sale Table ၏ Date Column ရှိ ရက်စွဲများအတွင်းတွင် ပါဝင်မှု ရှိမရှိကို စစ်ဆေးခြင်းဖြစ်သည်။

Formula တစ်ခုလုံးကို ဘာသာပြန်ရသော် Pivot Table တွင် တွက်ချက်မည့် Date သည် Sale Table ၏ Date တန်ဖိုးများအတွင်း ရှိလျင် Cumulative Total ကို တွက်ချက်ရန်ဖြစ်ပြီး Pivot Table တွင် တွက်ချက်မည့် Date သည် Sale Table ၏ Date များထက် ကြီးမားနေလျင် တွက်ချက်မှု မလုပ်ဆောင်ရန် သတ်မှတ်ရေးသားဖြင်းဖြစ်သည်။

ပြုပြင်ရေးသားထားသည့် Formula အား Pivot Table အတွင်းထည့်သွင်းသည့်အခါ  အောက်ပါအတိုင်း Pivot Table သည် ရောင်းအားနောက်ဆုံး ရှိသည့် 2017 April အထိသာ တွက်ချက်ပေးသွားသည်ကို တွေ့ရှိရပါမည်။

image145.png
bottom of page