top of page
POWER BI Services
2.1 Creating Account

Power BI Service ကို အသုံးပြုရန်အတွက် မိမိ၏ Email ကို အသုံးပြု၍ အောက်ပါ Link  တွင် Account ဖွင့်ရန် လိုအပ်ပါသည်။

https://powerbi.microsoft.com/en-us/landing/signin/

ပထမဦးဆုံးအကြိမ်အဖြစ် Power BI Service ကို အသုံးပြုခြင်းဖြစ်လျင် Favorites + frequents တွင် Blank သာ ဖြစ်နေပါမည်။

Power BI Services အတွင်းသို့ Data များ ထည့်သွင်းရန်အတွက် Window ၏ ဘယ်ဘက်အောက်နားရှိ Get Data ကို ကလစ်ပါ။ ထည့်သွင်းနိုင်သည့် Option များ ပေါ်လာပါမည်။ ယခုသင်ခန်းစာတွင် Excel  ဖိုင်ကို ထည့်သွင်းလိုခြင်းကြောင့် Create New Content  အောက်မှ Files ကို ကလစ်ပါမည်။

1..PNG

သတိထားရမည့်အချက်မှာ မိမိ၏ Email သည် Company Email / Organization Email ဖြစ်ရမည်ဖြစ်ပြီး Gmail ကဲ့သို့ အများသုံး Email များဖြင့် Account ဖွင့်၍ ရမည် မဟုတ်ပါ။ Account ဖွင့်၍ Sign in ပြုလုပ်ပြီးပါက အောက်ပါအတိုင်း Power BI Services Window ကို တွေ့မြင်ရပါမည်။

2.png

2.1 Account စတင်ဖွင့်လှစ်ခြင်း

2.2 Power BI Services အတွင်းသို့ Data များ ထည့်သွင်းခြင်း

3.png
ဤစာမျက်နှာတွင်ပါဝင်သည့် ခေါင်းစဉ်များ
ဆက်လက်လေ့လာရမည့် သင်ခန်းစာ
2.2 Importin Data into PBIS

Local File ကို ကလစ်လိုက်သည့်အခါ မိမိ Excel ဖိုင်ရွေးချယ်ရန်အတွက် Browse Window ပေါ်လာပါမည်။ Download ရယူထားသည့် Excel File ကို ရွေးချယ်ပြီးနောက် Open ပေးလိုက်ပါက အောက်ပါအတိုင်း Import နှင့် Upload ဟူ၍ Option နှစ်ခု ထပ် ပေါ်လာပါမည်။

ထိုအခါ Excel File ရွေးချယ်ထည့်သွင်းရန်အတွက် Option များ ပေါ်လာပါမည်။ ယခုသင်ခန်းစာတွင် မိမိ Computer မှ Excel ဖိုင်ကို ရွေးချယ်လိုခြင်းကြောင့် Local File ကို Click လိုက်ပါမည်။

4.png
5.png

Import ကို ရွေးချယ်ပါက Excel ဖိုင်ကို Power BI Service အတွင်း Report များရေးဆွဲရန်အသုံးပြုနိုင်မည် ဖြစ်ပြီး Upload ကို ရွေးချယ်ပါက သာမန် Excel ဖိုင်ကို အသုံးပြုသကဲ့သို့ Power BI အတွင်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ယခုသင်ခန်းစာတွင်  Excel ဖိုင်ကို အသုံးပြု၍ Power BI Report များရေးဆွဲလိုခြင်းကြောင့် Import ကို ရွေးချယ်ပါမည်။ ထို့နောက် စက္ကန့်အနည်းငယ်စောင့်ပြီးနောက် ထည့်သွင်းပြီသည်နှင့် အောက်ပါအတိုင်း Notification တက်လာသည်ကို တွေ့ရပါမည်။

6.png

View Dataset ကို ကလစ်သည့်အခါ ထည့်သွင်းထားသည့် Data Table များနှင့်အတူ Report များတည်ဆောက်နိုင်ရန်အတွက် Report View ကို အောက်ပါအတိုင်း မြင်တွေ့ရပါမည်။

7.PNG

Report View တွင် Chart၊ Graph များ ရေးဆွဲခြင်းမှာ Power BI Desktop တွင် Chart၊ Graph များ ရေးဆွဲခြင်းနှင့် အားလုံး အတူတူပင် ဖြစ်ပါသည်။

Power BI အတွင်းသို့ Excel Data များထည့်သွင်းရာတွင် သတိပြုရမည့် အချက်များ

  • Excel Workbook အတွင်းရှိ  Data များကို Data Table အဖြစ် Format ချထားမှသာ Power BI အတွင်းသို့ ထည့်သွင်းနိုင်မည် ဖြစ်ပါသည်။

  • Excel Workbook ၏ Power Pivot Data Model အတွင်း Table တစ်ခုခု ထည့်သွင်းထားပါက Data Model အတွင်းမှ Table များကိုသာ Power BI Services မှ ထည့်သွင်းသွားမည် ဖြစ်ပါသည်။ Excel Workbook တွင်ရှိသော ( Power Pivot အတွင်း ထည့်သွင်းမထားသော ) Table များကို Power BI Services  မှ ထည့်သွင်းသွားမည် မဟုတ်ပါ။

  • Power BI Services တွင် Relationship တည်ဆောက်ခြင်း၊ Calculated Column  ၊ Calculated Field ( Measure ) များ ရေးသားခြင်းတို့ မပြုလုပ်နိုင်ခြင်းကြောင့် လိုအပ်သည့် Relationship များချိတ်ဆက်ခြင်း ၊ Formula ရေးသားခြင်းများကို  Excel Workbook အတွင်းတွင် ရှေးဦးစွာ ပြုလုပ်ပြီးမှသာ Power BI Service  သို့ ထည့်သွင်းသင့်ပါသည်။

2.3 Understanding Workspace

Power BI Services Window မှ My Workspace ကို  ကလစ်လိုက်သည့်အခါ Power BI Service တွင် အဓိက ကိုင်တွယ်ရမည့် Type လေးမျိုးကို အောက်ပါအတိုင်း မြင်တွေ့ရပါမည်။

Dataset

Dataset tab အောက်တွင် Power BI Service အတွင်းသို့ ဒေတာများထည့်သွင်းသည့်အခါ Import နည်းဖြင့် ထည့်သွင်းခဲ့သည့် ဒေတာဖိုင်များကို မြင်တွေ့ရမည် ဖြစ်ပါသည်။

9.png

Workbooks

Workbooks tab အောက်တွင် Power BI Service အတွင်းသို့ ဒေတာများထည့်သွင်းသည့်အခါ Upload နည်းဖြင့် ထည့်သွင်းခဲ့သည့် ဒေတာ ဖိုင်များကို မြင်တွေ့ရမည် ဖြစ်ပါသည်။

9.2.png

Reports

ထည့်သွင်းထားသည့် Dataset များကို အသုံးပြု၍ ရေးဆွဲထားသည့် Report များကို မြင်တွေ့ရမည် ဖြစ်ပါသည်။

9.3.png

Dashboard

Dashboard tab အောက်တွင် Report အသီးသီးမှ အဓိကကျသည့် Chart & Graph များကို စုစည်း ရေးဆွဲထားသည့် Dashboard များကို မြင်တွေ့ရမည် ဖြစ်ပါသည်။

9.4.png

Differences Between Workbooks and Datasets

Dataset တွင် ထည့်သွင်းထားသော ဒေတာဖိုင်များကို Report View တွင် Chart & Graph များ ဆွဲရန်အတွက် အသုံးပြုခြင်းဖြစ်ပြီး Workbook အောက်ရှိ ဒေတာဖိုင်များကို Power BI Services တွင် သာမန် Excel Online အနေဖြင့် အသုံးပြုခြင်း ဖြစ်သည်။

Differences Between Report and Dashboard

Report သည် Dataset တစ်ခုကို အသုံးပြု၍ Chart & Graph များရေးဆွဲခြင်းဖြစ်သည်။ Report တစ်ခုတွင် Page များစွာ ပါဝင်နိုင်ပြီး Chart & Graph များ၏ ဒေတာများမှာလည်း အချင်းချင်း ချိတ်ဆက်၍ Filter များ စစ်ထုတ်ပေးသွားမည် ဖြစ်သည်။ ဆိုလိုသည်မှာ Report တွင် ထည့်သွင်းထားသော Chart/ Graph မှ Data Series တစ်ခုခုကို ကလစ်လိုက်ပါက အခြား Chart/Graph များတွင်လည်း ကလစ်လိုက်ခဲ့သည့် ဒေတာနှင့် သက်ဆိုင်သော တန်ဖိုးများကိုသာ စစ်ထုတ် ဖော်ပြပေးသွားမည် ဖြစ်သည်။

Dashboard သည် Report အသီးသီး၊ Dataset အသီးသီး၊ Workbook အသီးသီးမှ အနှစ်ချုပ်/အရေးကြီး Chart & Graph များ၊ Data များကို စုစည်း၍ Dashboard အဖြစ် စုစည်းထားခြင်းဖြစ်သည်။ Dashboard တွင် စာမျက်နှာ တစ်ခုသာရှိ၍  Chart & Graph များသည်လည်း အချင်းချင်း Filter စစ်ထုတ်သွားမည် မဟုတ်ပါ။ Dashboard တွင် ထည့်သွင်းထားသည့် Chart / Graph တစ်ခုခုကို ကလစ်လိုက်ပါက မူရင်း Report  သို့ ပြန်လည်ရောက်ရှိသွားမည် ဖြစ်ပါသည်။

2.3 Understanding Workspace
bottom of page