Practical Case Studies on Percentage Calculation
ယခု သင်ခန်းစာကိုလည်း အခန်း (၆) အတွက် ရယူခဲ့သည့် လေ့ကျင့်ခန်းဖိုင်တွင် ပါရှိသော အောက်ပါ Data Model ကိုသာ ဆက်လက်အသုံးပြု သွားမည် ဖြစ်ပါသည်။
% of Grand Total ကို ရွေးချယ် Click လိုက်သည်နှင့် Pivot Table တွင် အောက်ပါအတိုင်း ရာခိုင်နှုန်း တန်ဖိုးများ ပြောင်းလဲမြင်တွေ့ရမည် ဖြစ်ပါသည်။

6.3.1 Pivot Table .၏ Calculation Option အား အသုံးပြုတွက်ချက်ခြင်း
Pivot Table တွင်အလွယ်တကူ တွက်ချက်နိုင်သည့်နည်းကို စတင်လေ့လာကြည့်ပါမည်။ ပထမဦးစွာ Pivot Table ၏ Values Area တွင် Quantity Column ကို ထည့်သွင်းပြီး Rows Area တွင် Category ၊ Columns Area တွင် Year တို့ကို ထည့်သွင်းပါမည်။
6.3 Calculating Percent of Total
Percent of Toatl တွက်ချက်ရန်အတွက် DAX Formula ကို အသုံးပြုတွက်ချက် နိုင်သကဲ့သို့ Pivot Table တွင်ပါဝင်သည့် Show Value as Feature ဖြင့်လည်း အလွယ်တကူ တွက်ချက်နိုင်သည်။

ထို့နောက် Pivot Table ပေါ်တွင် Right Click ထောက်၊ Show Value as မှ တစ်ဆင့် % of Grand Total ကို ရွေးချယ်ပါ။


Pivot Table တွင် ရရှိထားသော တန်ဖိုးတစ်ခုစီကို စုစုပေါင်းတန်ဖိုးနှင့် စားလိုက်လျင် သက်ဆိုင်ရာ ရာခိုင်နှုန်း တန်ဖိုးများရရှိမည် ဖြစ်ရာ ထို စားမည့် စုစုပေါင်းတန်ဖိုးမှာ Row Area, Column Area, Slicer တို့မှ Filter စစ်လိုက်သည့်အခါတွင် Filter များအတိုင်း မတွက်ချက်ပဲ မူလ တန်ဖိုး စုစုပေါင်းကိုသာ ရရှိစေရမည် ဖြစ်ပါသည်။
ထို့အတွက် Pivot Tableမှ သက်ရောက်လာမည့် Filter များ သက်ရောက်မှုမရှိနိုင်ပဲ မူလစုစုပေါင်း တန်ဖိုး သာ ရရှိရန် အောက်ပါအတိုင်း Formula ရေးသားလိုက်ပါမည်။
Total Qty with ALL := SUMX(ALL(Sale),[Quantity])
အထက်ပါ ရေးသားသည့် Formula တွင် Sale Table ကို ALL ဖြင့် ဝန်းရံရေးသားထားသဖြင့် အခြား မည်သည့် Filter မှ သက်ရောက်နိုင်မှု မရှိပဲ မူလတန်ဖိုးများကိုသာ တွက်ချက်ပေးသွားမည် ဖြစ်သည်။
ခြားနားမှုကို သိသာစေရန် ဥပမာ 6.3.1 တွင် Pivot Table တွင် Show as Value ဖြင့် တွက်ချက်ရယူထားသည့် တန်ဖိုးများအား Slicer ထည့်သွင်းသည့်အခါ ရရှိသည့် တန်ဖိုးများကို ပြန်လည် လေ့လာကြည့်ပါမည်။
6.5 Percent Difference with Specific Item
ဤသင်ခန်းစာတွင် သီးခြားတန်ဖိုး တစ်ခုနှင့် နှိုင်းယှဉ်၍ ရာခိုင်နှုန်းခြားနားမှုကို တွက်ချက်လိုခြင်း ဖြစ် သည်။ ယခုဥပမာတွင် တစ်လချင်း ရောင်းအား အရေအတွက်သည် ၂၀၁၅ ခုနှစ် ဧပြီလ ရောင်းအား အရေအတွက်နှင့် နှိုင်းယှဉ်လျင် ရာခိုင်နှုန်းအားဖြင့် မည်မျှခြားနားသည်ကို တွက်ချက်ပါမည်။ ထိုရာခိုင်နှုန်းများ ရရှိရန်အတွက် ရေးသားရမည့် Formula အား စာသားဖြင့် ဖော်ပြရသော် အောက်ပါ အတိုင်းရေးသား နိုင်သည် -
= ( Qty of Each Month / Qty of 2015 April ) - 1
အပေါ်မှ ဥပမာများအတိုင်း စုစုပေါင်း ရောင်းသည့် ပမာဏရရှိရန် အောက်ပါ Measure ရေးသားပါမည် -
Total Qty:= SUM([Quantity])
ထို့နောက် ၎င်း Measure အား Pivot Table အတွင်း ထည့်သွင်းပြီး Rows Area နေရာတွင် Month၊ Column Area တွင် Year များ ထည့်သွင်းပါက အောက်ပါအတိုင်း တစ်လချင်းစီအတွက် ရောင်းရသည့် ပမာဏ (Qty of Each Month) ကို ရရှိမည် ဖြစ်သည် -
အထက်ပါ Pivot Table တွင် Column တစ်ခု၏ စုစုပေါင်းသည် 100% ဖြစ်ပြီး ထိုစုစုပေါင်းအပေါ် မူတည်၍ Category တစ်ခုချင်းစီရှိ တန်ဖိုးများကို ရာခိုင်နှုန်း တွက်ချက်ပေးခြင်း ဖြစ်သည်။
သတိပြုရန်မှာ Total Qty of All Category အတွက် ရေးသားထားသည့် Formula တွင် Table တစ်ခုလုံးကို All ဖြင့် ဝန်းရံရေးသားခြင်း မဟုတ်ပဲ Product Category Column ကိုသာ ALL ဖြင့် တွဲဖက်ရေးသားထားခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဤ Formula ကို မည်သည့် Category မှ Filter အနေဖြင့် သက်ရောက်စေမှုမရှိစေရန် ဖြစ်သော်လည်း အခြား Year , Quarter , Region စသည့် Column များဖြင့် Filter စစ်ထုတ်လျင်တော့ Filter အပေါ် မူတည်၍ တန်ဖိုးများ လိုက်လံ ပြောင်းလဲစေ မည်ဖြစ်သည်။ ထို့ကြောင့် ထို Formula ကို Year တန်ဖိုးများက Filter စစ်ထုတ်နိုင်သဖြင့် Year Column တစ်ခုစီအလိုက် တန်ဖိုးများ သီးခြားစီ ရရှိခြင်းဖြစ်သည်။
Percent of Column Total ကို နားလည်ခဲ့လျင် Percent of Row Total ကို ကိုယ်တိုင် ရေးသားနိုင်မည် ဟု ယုံကြည်ပါသည်။ ထို့ကြောင့် မိမိကိုယ်တိုင်ကြိုးစားရေးသားစေလိုပါသည်။
အထက်ပါ Pivot Table ၏ ဆိုလိုရင်းမှာ နှစ်အားလုံးတွင် Product Category အားလုံး၏ စုစုပေါင်း တန်ဖိုးသည် ၁၀၀ ရာခိုင်နှုန်းဖြစ်ခဲ့လျင် နှစ်တစ်နှစ်ရှိ Product Category တစ်ခု၏ စုစုပေါင်းတန်ဖိုး သည် ရာခိုင်နှုန်းအားဖြင့် မည်မျှ ရှိသည်ကို တွက်ချက်ထားခြင်း ဖြစ်သည်။
အထက်ပါ ပုံတွင် ၂၀၁၃ ခုနှစ်၏ Audio တန်ဖိုးသည် စုစုပေါင်းပမာဏ၏ 3.25 % ဖြစ်ပြီး အဆိုပါ ရာခိုင်နှုန်း တန်ဖိုး ရရှိရန်အတွက် ၂၀၁၃ ခုနှစ်၏ Audio ရောင်းချထားသည့် ပမာဏကို စုစုပေါင်း ပမာဏဖြင့် စားထားခြင်း ဖြစ်သည်။
အထက်ပါ Pivot Table တွင် Year Slicer ထည့်သွင်းရန်အတွက်Pivot Table တွင် Cursor ချ၊ Analyze Tab အောက်မှ Insert Slicer ကို ကလစ်ပါ။ ကျလာသည့် Box တွင် Date Table အောက်မှ Year ကို ရွေးချယ်ပါ။Year Slicer ကျလာသည့်အခါ Slicer ထဲက 2013 ၊ 2014 ၊ 2015 သုံးခုကိုပဲ ရွေးချယ်လိုက်သည့်အခါ ရာခိုင်နှုန်းများ ပြောင်းလဲ သွားခြင်းကို တွေ့ရပါမည် ။

ယခင်က 2013 ခုနှစ်အတွက် Audio တန်ဖိုးဟာ 3.25 % သာ ဖြစ်သော်လည်း အထက်ပါပုံမှာ Year Slicer များ စစ်လိုက်တဲ့အခါ 2013 ခုနှစ်အတွက် Audio တန်ဖိုးဟာ 4.67% ဖြစ်သွားတာ တွေ့ရပါမည်။ အဓိပ္ပါယ် မှာ Slicer မစစ်ခင် အချိန်က 2013 ခုနှစ်အတွက် Audio တန်ဖိုးတွက်ချက်ရာတွင် နှစ်အားလုံး Category အားလုံး၏ စုစုပေါင်းတန်ဖိုးနှင့် စားပြီး ရာခိုင်နှုန်းတွက်ချက်ထားခြင်း ဖြစ်ပြီး Slicer စစ်ထုတ်လိုက် သည့်အခါ Slicer တွင် ရွေးချယ်ထားသည့် နှစ်များ၏ တန်ဖိုးများနှင့်သာ ရာခိုင်နှုန်းတွက်ချက်ထားခြင်း ကြောင့် ရာခိုင်နှုန်းများ ကွဲပြားခြင်း ဖြစ်သည်။
တစ်နည်းဆိုရသော် Pivot Table တွင် ရာခိုင်နှုန်းများတွက်ချက်ရာ၌ လက်ရှိရွေးချယ်ထားသည့် တန်ဖိုးများ အပေါ်တွင်သာ မူတည်တွက်ချက် ပေးနိုင်ခြင်း ဖြစ်သည်။
6.3.2 DAX Formula ရေးသားတွက်ချက်ခြင်း
Quantity စုစုပေါင်းတန်ဖိုးရရှိရန် အောက်ပါအတိုင်း Calculated Field ( Measure ) ရေးသားပါမည်။
Total Qty:=SUM([Quantity])
အထက်ပါ Formula သည် Quantity Column ၏ စုစုပေါင်းတန်ဖိုးအား တွက်ချက်ပေးမည်ဖြစ်သည် သို့သော် ထို Formula အား Pivot Table အတွင်း ထည်သွင်းအသုံးပြုသည့်အခါ အောက်ပါအတိုင်း သက်ဆိုင်ရာ Row Area, Column Area , Slicer စသည်တို့မှ Filter စစ်ထုတ်သည့် အပေါ်မူတည်၍ တန်ဖိုးများ ပြောင်းလဲ တွက်ချက် ပေးသွားမည် ဖြစ်သည်။


အထက်ပါ Formula နှစ်ခုတွင် ပထမတစ်ခုမှာ Filter များအတိုင်း သက်ရောက်တွက်ချက်ပြီး ဒုတိယ တစ်ခုတွင် Filter များ သက်ရောက်မှု မရှိပဲ မူလတန်ဖိုးစုစုပေါင်းကိုသာ တွက်ချက်ထားခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် ပထမ Formula ကို ဒုတိ Formula ဖြင့် စားလျင် သက်ဆိုင်သည့် ရာခိုင်နှုန်း တန်ဖိုး များ ရရှိမည် ဖြစ်ပါသည်။
% of Total := [Total Qty] / [Total Qty with All]
အထက်ပါ % of Total Formula ကို Pivot Table အတွင်း ထည့်သွင်း အသုံးပြုပါက အောက်ပါအတိုင်း တွေ့ရှိရပါမည်။

ယခုရရှိသည့် ရာခိုင်နှုန်းများ သည် Pivot Table ၏ Show Value as > Percent of Grand Total မှ ရရှိသည့် တန်ဖိုးများနှင့် အတူတူပင်ဖြစ်သည်။ သို့ရာတွင် ပြီးခဲ့သည့် ဥပမာ 6.3.1 တွင် ထည့်သွင်းသကဲ့သို့ Year Slicer ထည့်သွင်း၍ နှစ်အချို့ကိုသာ ရွေးချယ်ကြည့်ပါမည်။


6.3.1 တွင် Pivot Table ၏ Show Value As တန်ဖိုးကို အသုံးပြုတွက်ချက် သည့်အခါ Pivot Table တွင် ရွေးချယ်ထားသည့် Filter များ၏ စုစုပေါင်း တန်ဖိုး အပေါ်တွင် မူတည် တွက်ချက်ပေးခြင်းဖြစ်သည်။
ယခု 6.3.2 တွင် DAX Formula ဖြင့် ရာခိုင်နှုန်းများ တွက်ချက်သည့်အခါ လက်ရှိ ရွေးချယ်ထားသည့် တန်ဖိုးများ အပေါ်တွင်သာ ရာခိုင်နှုန်း တွက်ချက် ထားခြင်းမဟုတ်ပဲ မူလတန်ဖိုးစုစုပေါင်း အပေါ်တွင် မူတည်၍ တွက်ချက်ထားခြင်း ဖြစ်ကြောင်း တွေ့ရပါမည်။
ထို့ကြောင့် DAX Formula ဖြင့် တွက်ချက်ရာတွင် Slcier အသုံးမပြုမီနှင့် အသုံးပြုပြီး ရာခိုင်နှုန်းများ တူညီကြခြင်း ဖြစ်သည်။
6.4 Percent of Column Total / Percent of Row Total များ တွက်ချက်ခြင်း
ယခုသင်ခန်းစာတွင် စုစုပေါင်းတန်ဖိုး Grand Total အပေါ်တွင် မူတည်၍ ရာခိုင်နှုန်းတွက်ချက်လိုခြင်း မဟုတ် ပဲ Column Total အပေါ်မူတည်၍ ရာခိုင်နှုန်းတွက်ချက်လိုခြင်းဖြစ်သည်။
ရှေးဦးစွာ Total Quantity ရရှိရန် Calculated Field တစ်ခုအဖြစ် အောက်ပါအတိုင်း ရေးသားပြီး Pivot Table သို့ ထည့်သွင်းပါမည်။
Total Qty: =SUM( [ Quantity ] )

အထက်ပါ ပုံအတိုင်းရရှိရန်အတွက် Year တန်ဖိုးများကို Pivot Table ၏ Column Area တွင်ထည့်သွင်းထားပြီး Category တန်ဖိုးများကို Row Area တွင် ထည့်သွင်းထားခြင်း ဖြစ်သည်။
အထက်ပါဥပမာတွင် 2013 ခုနှစ်အတွက် Category အားလုံး၏ စုစုပေါင်းတန်ဖိုးမှာ 38398 ဖြစ်ရာ Category တစ်ခုချင်း၏ ပမာဏအသီးသီးကို ထို စုစုပေါင်းတန်ဖိုး 38398 အပေါ်မူတည်ပြီး ရာခိုင်နှုန်းမည်မျှ ရှိသည်ကို တွက်ချက်ခြင်းမှာ Percent of Column Total တွက်ချက်ခြင်း ဖြစ်သည်။
တစ်နည်းဆိုရသော် အထက်ပါ Pivot Table အတွက် Percent of Column တွက်ချက်လိုလျင် အောက်ပါအတိုင်း တွက်ချက်ရမည် ဖြစ်သည် -
= Qty of Each Category / Qty of All Category
အထက်ပါ Pivot Table တွင် တွေ့မြင်ရသည့်အတိုင်း [Total Qty] Measure ကို Pivot Table သို့ ထည့်သွင်းသည့်အခါ Qty of Each Category တန်ဖိုးများ မည် ဖြစ်ပါသည်။
Qty of All Category တန်ဖိုးရရှိရန်အတွက် အောက်ပါအတိုင်း Measure တစ်ခု ရေးသားလိုက်ပါမည် -
Total Qty of All Category := SUMX(ALL(Category[Product Category]),[Total Qty])
6.1.5 Monthly Average တွက်ချက်ခြင်း သင်ခန်းစာကို ကြေညက်စွာ လေ့လာခဲ့လျင် ဤ Formula ကို အလွယ်တကူ နားလည်ပြီး ဖြစ်ပါလိမ့်မည်။ အကယ်၍ ဤ Formula အား နားမလည်ခဲ့ပါက 6.1.5 သင်ခန်းစာကို ပြန်လည်လေ့လာရန် ဖြစ်ပါသည်။
အထက်ပါ Formula ၏ အဓိက ဆိုလိုရင်းမှာ [Total Qty] Measure ကို မည်သည့် Category မှ Filter သက်ရောက်မှုမရှိစေပဲ Category အားလုံး၏ တန်ဖိုးကိုတွက်ချက်ပေးစေလိုခြင်းဖြစ်သည်။
လိုအပ်သည့် Measure များ ရေးသားပြီးဖြစ်သည့်အတွက် Percent of Column Total ရရှိရန်အတွက် အောက်ပါအတိုင်း Measure တစ်ခု ထပ်မံရေးသားလိုက်ပါမည်။
% of Column Total := [Total Qty] / [Total Qty of All Category]

ဆက်လက်၍ ၂၀၁၅ ခုနှစ် ဧပြီလ မှ ရောင်းချထားသည့် ပမာဏကို ရရှိရန် အောက်ပါ Formula ရေးသား၍ ထို Formula ကို Pivot Table အတွင်းသို့ ထည့်သွင်းပါမည်။
Qty of 2015 April:=
SUMX( FILTER( Sale,
RELATED('Date'[Year])=2015 && RELATED('Date'[Month])="April"),
Sale[Quantity])

အထက်ပါ Pivot Table တွင် မြင်တွေ့ရသည့်အတိုင်း 2015 - April အတွက်တန်ဖိုးမှာ လ အားလုံးတွင် မပေါ်ပဲ 2015 - April တွင်သာ မြင်တွေ့ရမည်ဖြစ်ပါသည်။ ထို့အတွက် တစ်လချင်းစီ၏ တန်ဖိုးများကို 2015 - April တန်ဖိုးနှင့်စားလျင် အဖြေမှန်မရရှိပဲ သုညနှင့်စားသကဲ့သို့သာ ဖြစ်နေပါမည်။
လအားလုံးတွင် 2015 - April တန်ဖိုးမပေါ်ရသည့် အကြောင်းရင်းကို နားလည်နိုင်ရန်အတွက် ရေးသားထားသည့် Formula ကို ပြန်လေ့လာကြည့်ပါမည်။
Formula တွင် Table အဖြစ် FILTER(Sale, RELATED('Date'[Year])=2015 && RELATED('Date'[Month])="April") ကို ရေးသားထားရာ Sale Table တွင် ၂၀၁၅ ခုနှစ်၊ ဧပြီလ နှင့် ဆက်စပ်ပတ်သက်သည့် Row များကိုသာ ရရှိစေရန် Filter စစ်ထုတ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဤ Formula သက်ရောက်ပြီးချိန်တွင် Sale Table ၌ ၂၀၁၅ ခုနှစ်၊ ဧပြီလ နှင့် ဆက်စပ် သည့် Row များသာ ကျန်ရှိနေမည် ဖြစ်သည်။
ထို လက်ကျန် Table ကို Pivot Table ၏ Filter များက သူတို့၏ တန်ဖိုးများနှင့် ကိုက်ညီရန် ထပ်မံ စစ်ထုတ်မည် ဖြစ်သည်။ ဥပမာ အပေါ်တွင် ဖော်ပြထားသည့် Pivot Table တွင် 2013 - January အတွက် ရောင်းအားပမာဏ တွက်ချက်ရန် 2015 - April အတွက် စစ်ထုတ်ထားပြီးသည့် လက်ကျန် Table တွင် 2013 - January နှင့် ကိုက်ညီသည့် Row များကို ဆက်လက် စစ်ထုတ်၍ တွက်ချက်ရမည် ဖြစ်သည်။
2015 - April အတွက်သာ ရှိသည့် Table တွင် 2013 - January နှင့်ဆိုင်သည့် Row များသာ ကျန်ရှိရန် Filter စစ်ထုတ်ခြင်းကြောင့် Sale Table တွင် မည်သည့် Row မျှ ကျန်ရှိတော့မည် မဟုတ်ပါချေ။ ထို့ကြောင့် Row မရှိသည့် Table မှ Quantity Column ပေါင်းသည့်အခါ သုညသာ ရရှိမည် ဖြစ်ပါသည်။ ထို့ကြောင့် 2015 - April မှ လွဲ၍ ကျန်သည့် လ များတွင် Blank တန်ဖိုးများ ရရှိခြင်း ဖြစ်ပါသည်။
လတစ်လစီ၏ ရောင်းသည့်ပမာဏနှင့် 2015 - April အတွက် ရောင်းသည့်ပမာဏ ခြားနားချက် ရာခိုင်နှုန်းတွက်ချက်ရန် အထက်ပါ Pivot Table တွင် 2015 - April ရောင်းအားပမာဏသည် လ တစ်လချင်းစီတွင် ပေါ်ရန် လိုအပ်သည်။ ထို့အတွက် Formula အား အောက်ပါအတိုင်း ပြောင်းလဲ ရေးသားပါမည်။
Qty of 2015 April:=
SUMX( FILTER( ALL(Sale),
RELATED('Date'[Year])=2015 && RELATED('Date'[Month])="April"),
Sale[Quantity])
အထက်ပါ Formula တွင် Table နေရာ၌ ရေးသားထားသည်မှာ FILTER(Sale, RELATED('Date'[Year])=2015 && RELATED('Date'[Month])="April") ဖြစ်သည်။ ဆိုလို သည်မှာ Sale Table မှ 2015 - April နှင့် ဆက်စပ် ပတ်သက်သည့် Row များကို စစ်ထုတ်ပြီးနောက် ကျန်ရှိသည့် Sale Table ကို Pivot Table မှ အခြား Filter များမှ သက်ရောက်မှု မရှိနိုင်စေရန် ALL Formula ဖြင့် ဝန်းရံရေးသားထားခြင်းဖြစ်သည်။
ရေးသားထားသည့် Measure ကို Pivot Table အတွင်း ထည့်သည့်အခါ အောက်ပါအတိုင်း တွေ့ရှိရမည် ဖြစ်သည် -


2015 - April သာကျန်သည့် Row များအား All ဖြင့် ဝန်းရံရေးသားထားခြင်းကြောင့် Pivot Table ၏ အခြား Filter များမှ သက်ရောက်မှုမရှိနိုင်ပဲ 2015 - April Row များသာ ကျန်ရှိနေမည် ဖြစ်သည်။ ထို့ကြောင့် အထက်ပါ Pivot Table တွင် တန်ဖိုးအားလုံး၌ 2015 - April ၏ တန်ဖိုးများ မြင်တွေ့ရခြင်း ဖြစ်သည်။ ယခုအခါ လတစ်လစီနှင့် 2015 - April လ၏ ရောင်းအားပမာဏတို့ခြားနားချက် ရာခိုင်နှုန်းကို အောက်ပါ Measure ဖြင့် အလွယ်တကူ တွက်ချက်နိုင်ပြီ ဖြစ်သည်။
% Difference with 2015 April := ([Total Qty] / [Qty of 2015 April] ) - 1
အထက်ပါ Measure ကို Pivot Table အတွင်း ထည့်သွင်းလိုက်ပါက အောက်ပါအတိုင်း မြင်တွေ့ရမည် ဖြစ်သည် -

Pivot Table တွင် မြင်တွေ့ရသည့်အတိုင်း 2017 May မှ စတင်၍ 2018 December အထိ တန်ဖိုးများမှာ -100% များ ဖြစ်သည်ကို တွေ့ရမည်။ အဘယ်ကြောင့်ဆိုသော် 2017 May မှ စတင်၍ ရောင်းချသည့် ပမာဏ မရှိသေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရောင်းအားပမာဏ ရှိမှသာ ရာခိုင်နှုန်းခြားနားချက် တွက်ချက်ပေးရန် အောက်ပါအတိုင်း Formula ကို ပြုပြင်ရေးသားလိုက်ပါမည်။
% Difference with 2015 April:= IF([Total Qty] > 0 ,
([Total Qty] / [Qty of 2015 April] ) - 1)
[Total Qty] Measure အား Pivot Table သို့ ထည့်သွင်းလိုက်သည့်အခါ သက်ဆိုင်ရာ နှစ်၊ လများက Filter စစ်ထုတ် တွက်ချက်မည် ဖြစ်သဖြင့် သက်ဆိုင်ရာ လအလိုက် တန်ဖိုးများ ရရှိမည် ဖြစ်ရာ ထိုတန်ဖိုး သည် 0 ထက် ကြီးမှသာ ရာခိုင်နှုန်း ခြားနားချက်တွက်ချက်ရန် Formula ရေးသားထားခြင်းဖြစ်သည်။ ထိုသို့ ပြုပြင်ရေးသားပြီးနောက် [% Difference with 2015 April] အား Pivot Table သို့ ထည့်သွင်းလိုက် သည့်အခါ အောက်ပါအတိုင်း မှန်ကန်သည့် ရလဒ်ကို မြင်တွေ့ရမည် ဖြစ်ပါသည်။

ဤဥပမာတွင် Pivot Table ရှိ တစ်နှစ်စီ၏ Quarter တစ်ခုချင်းတန်ဖိုးများ သည် ထိုနှစ်စုစုပေါင်းတန်ဖိုး၏ ရာခိုင်နှုန်းမည်မျှ ရှိသည်ကို တွက်ချက် လိုခြင်း ဖြစ်သည်။ ထိုသို့တွက်ချက်ရန်အတွက် Quarter တစ်ခုချင်းတန်ဖိုးကို ထိုနှစ် စုစုပေါင်း တန်ဖိုး ၊ တစ်နည်းအားဖြင့် Quarter အားလုံး၏ တန်ဖိုးဖြင့် စားရမည်ဖြစ်ရာ တစ်နှစ်ချင်းအလိုက် Quarter အားလုံး၏ တန်ဖိုးရရှိရန် အောက်ပါအတိုင်း Formula ရေးသားလိုက်ပါမည် -
Qty of All Quarter := SUMX( ALL('Date'[Quarter]),[Total Qty])
ပြီးခဲ့သည့် ဥပမာများကို ကြေညက်စွာလေ့လာခဲ့လျင် ယခု Formula ၏ အလုပ်လုပ်ပုံကို နားလည်ပြီး ဖြစ်မည်ဟု ယူဆပါသည်။
Quarter ကို ALL ဖြင့် ဝန်းရံရေးသားထားခြင်းဖြစ်ရာ ဤ Formula ကို Pivot Talbe ရှိ Quarter Filter များ သက်ရောက်နိုင်မည် မဟုတ်သော်လည်း Year ကဲ့သို့ အခြား Filter များမှ စစ်ထုတ်နိုင်မည် ဖြစ်ပါသည်။
ထို့ကြောင့် [Qty of All Quarter] ကို Pivot Table အတွင်း ထည့်သွင်း သည့်အခါ အောက်ပါအတိုင်း မြင်တွေ့ရမည်ဖြစ်သည်။
6.6 Quarterly Percentage for Each Year
Pivot Table ၏ Row Area တွင် Year နှင့် Quarter ကို ထည့်သွင်းပြီး Value Area တွင် [Total Qty] Measure ကို ထည့်သွင်းသည့်အခါ ဖော်ပြပါ ပုံအတိုင်း မြင်တွေ့ရမည် ဖြစ်သည်။


ဤ Pivot Table တွင် [Qty of All Quarter] ထည့်သွင်းလိုက်သည့်အခါ တစ်နှစ်ချင်းစီအလိုက် တန်ဖိုး များမှာမတူညီသော်လည်း တစ်နှစ်အတွင်းစီရှိ Quarter များ တွင် တူညီသည့် တန်ဖိုးများသာ ရရှိသည် ကို တွေ့ရပါ မည်။ ရာခိုင်နှုန်းရရှိရန်အတွက် အောက်ပါ Formula ရေးသား၍ ထို Formula ကို Pivot Table ၏ Value Area သို့ ထည့်လိုက်ပါမည် -
% of Qtr per Year := [Total Qty] / [Qty of All Quarter]

ယခုအခါ တစ်နှစ်ချင်းစီတွင် Quarter တစ်ခုချင်း၏ ရာခိုင်နှုန်းများကို ရရှိပြီဖြစ်သည်။ သို့ရာတွင် အထက်ပါ Pivot Table ၌ Year Row များတွင် ရာခိုင်နှုန်းတန်ဖိုးများသည် 100% များ ပေါ်နေသည် ကို တွေ့ရှိနေရသည်။ ထို 100% များကို မမြင်လိုသည့်အခါ အထက်တွင် ရေးသားခဲ့သည့် Formula ကို အောက်ပါအတိုင်း ပြုပြင်ရေးသားလိုက်ပါမည် -
% of Qtr per Year := IF(HASONEVALUE('Date'[Quarter]),
[Total Qty] / [Qty of All Quarter], BLANK() )
HASONEVALUE Formula သည် စစ်ဆေးမည့် Column တွင် တန်ဖိုးအမျိုးအစား တစ်မျိုးတည်းသာ ရှိသလား ဟု စစ်ဆေးခြင်းဖြစ်ရာ တစ်မျိုးတည်းရှိပါက TRUE ဟု ပြန်လည်ရရှိမည် ဖြစ်ပြီး အမျိုးအစား တစ်မျိုးထက်ပိုရှိပါက FALSE ဟု ရရှိမည် ဖြစ်သည်။
ရေးသားထားသည့် Formula တွင် IF Formula ၏ Logical Test အဖြစ် HASONEVALUE('Date'[Quarter]) ကို အသုံးပြုရေးသားထားခြင်းဖြစ်ရာ Quarter တန်ဖိုး တစ်မျိုးတည်းရှိလျင် TRUE ပြန်ရ၍ ရာခိုင်နှုန်း တွက်ချက်ရန် ဖြစ်ပြီး FALSE ပြန်ရပါက BLANK() သာရရန် ရေးသားထားခြင်း ဖြစ်သည်။
Pivot Table တွင် Year Row ၏ တန်ဖိုးများတွက်ချက်ရာတွင် Sale Table မှ အဆိုပါ ခုနှစ်နှင့် သက်ဆိုင်သည့် တန်ဖိုးများ စစ်ထုတ်တွက်ချက်မည်ဖြစ်ရာ ထို Filter စစ်ထုတ်ထားပြီး Table တွင် အဆိုပါ ခုနှစ်၏ Quarter အားလုံး ပါဝင်နေမည် ဖြစ်သည်။ တစ်နည်းဆိုရသော် Pivot Table ၏ Year Row များတွင် Quarter တန်ဖိုးတစ်ခုထက်မက ပါဝင်နေမည်ဖြစ်သည်။
သို့ရာတွင် Pivot Table ရှိ Quarter Row ၏ တန်ဖိုးတွက်ချက်ရာတွင် Sale Table မှ အဆိုပါ Quarter နှင့် သက်ဆိုင်သည့် Row များကို စစ်ထုတ်တွက်ချက်ထားမည်ဖြစ်ရာ ထို Filter စစ်ထုတ်ထားပြီး Table တွင် Quarter တန်ဖိုးတစ်ခုတည်းသာ ပါဝင်နေမည် ဖြစ်သည်။
ထို့ကြောင့် HASONEVALUE('Date'[Quarter]) Formula ဖြင့် စစ်ထုတ်ရာတွင် Pivot Table ၏ Year Row များတွင် FALSE ရရှိမည်ဖြစ်သဖြင့် ရာခိုင်နှုန်းများ တွက်ချက်မည် မဟုတ်ပဲ Quarter Row များတွင် TRUE ရရှိမည်ဖြစ်သဖြင့် ရာခိုင်နှုန်းများ တွက်ချက်ပေးသွားမည် ဖြစ်ပါသည်။


