Time Intelligence Functions - Practical Case Studies
10.4.1 Year-to-Date, Quarter-to-Date, Month-to-Date များတွက်ချက်ခြင်း
***-to-Date Formula ဆိုသည်မှာ Formula မှ စတင်သတ်မှတ်သည့် နေ့မှ စ၍ Pivot Table တွင် လက်ရှိ ရောက်ရှိနေသည့်/တွက်ချက်ရမည့် ရက်အထိ တွက်ချက်မှုကို ဆိုလိုသည်။ ဥပမာ Year-to-Date ဆိုသည်မှာ Pivot Table တွင် လက်ရှိ ရောက်ရှိနေသည့်/တွက်ချက်ရမည့် ရက်၏ ခုနှစ်၊ ထိုခုနှစ်၏ ဇန်န၀ါရီတစ်ရက်မှ လက်ရှိတွက်ချက်ရမည့် ရက်အထိ စုစုပေါင်း တန်ဖိုးကို ဆိုလိုခြင်းဖြစ်သည်။ Month-to-Date အတွက် လဆန်း ၁ ရက်၊ Quarter-to-Date အတွက် ထို Quarter ၏ ပထမဆုံး ရက် မှ စတင် တွက်ချက်ပေးသွားမည် ဖြစ်သည်။
Year-to-Date, Quarter-to-Date, Month-to-Date တွက်ချက်နည်းများမှာ ပုံစံတူဖြစ်သဖြင့် တစ်ခု နားလည်သည်နှင့် ကျန်သည့် တွက်ချက်မှုများပါ နားလည်သွားမည်ဖြစ်ပါသည်။ Pivot Table တွင် တစ်ရက်ချင်း တန်ဖိုးများအပေါ် မူတည်၍ စစ်ဆေးတွက်ချက်လိုလျင် Month-to-Date ကို အသုံးပြုရမည်ဖြစ်ပြီး တစ်လချင်းတန်ဖိုးများအပေါ်မူတည်၍ စစ်ဆေးတွက်ချက်လိုပါက Quarter-to-Date, Year-to-Date ကို အသုံးပြုတွက်ချက်နိုင်သည်။
***-to-Date သဘောတရားများကို တွက်ချက်ရာတွင် TOTAL နှင့် အစပြုသည့် Formula ကို အသုံးပြု ၍သော်လည်း ကောင်း၊ DATES နှင့် အစပြုသည့် Formula များကို အသုံးပြု၍ သော်လည်းကောင်း တွက်ချက်နိုင်သည်။ အောက်ပါ Formula များတွင် Measure Name တူသည့် Formula များမှာ တူညီသည့် ရလဒ်အဖြေများ ရရှိမည် ဖြစ်ပါသည်။
10.4.2 Data Trend များ နှိုင်းယှဉ်ခြင်း
Pivot Table တွင် လက်ရှိတွက်ချက်မှုနှင့်ဆိုင်သော Date များနှင့် အချိန်ကာလ/အရေအတွက် တူညီသည့် ယခင်နှစ်က Date များနှင့် နှိုင်းယှဉ်တွက်ချက်လိုလျင် SAMEPERIODLASTYEAR Function ကို အသုံးပြုနိုင်သည်။
= CALCULATE ( [Sales Amount], SAMEPERIODLASTYEAR ( 'Date'[Date] ) )
10.4 လက်တွေ့ ဥပမာများ


ဤစာမျက်နှာတွင်ပါဝင်သည့် ခေါင်းစဉ်များ
ဆက်လက်လေ့လာရမည့် သင်ခန်းစာ
MTD Sales := TOTALMTD ( [Sales Amount], 'Date'[Date] )
MTD Sales := CALCULATE ( [Sales Amount], DATESMTD ( 'Date'[Date] ) )
QTD Sales := TOTALQTD ( [Sales Amount], 'Date'[Date] )
QTD Sales := CALCULATE ( [Sales Amount], DATESQTD ( 'Date'[Date] ) )
YTD Sales := TOTALYTD ( [Sales Amount], 'Date'[Date] )
YTD Sales := CALCULATE ( [Sales Amount], DATESYTD ( 'Date'[Date]) )
အကယ်၍ Fiscal Year အတွက် Year-to-Date ကို တွက်ချက်လိုပါက Fiscal Year ကုန်ဆုံးသည့် လနှင့် ရက်ကို ထည့်သွင်းရေးသား၍ သတ်မှတ်နိုင်သည်။
Fiscal YTD Sales:= TOTALYTD ( [Sales Amount], 'Date'[Date], "03-31" )
Fiscal YTD Sales:= CALCULATE ( [Sales Amount], DATESYTD ( 'Date'[Date], "03-31" ) )
အောက်ပါ Pivot Table တွင် Year-to-Date Formula နှင့် Fiscal Year-to-Date Formula နှစ်ခု ခြားနားချက်ကို သိသာစေရန် Conditional Formatting ၏ Data Bar ကို အသုံးပြုထားခြင်း ဖြစ်သည်။
Download ပြုလုပ်ရန် ပေးထားသည့် သင်ခန်းစာ ဖိုင်ထဲတွင် Sales Amount အမည်ဖြင့် Measure တစ်ခု ရေးသားထားပါသည်။ ထို Measure အမည်ကို အောက်ပါ လေ့ကျင့်ခန်းများတွင် ထည့်သွင် ရေးသားသွားမည် ဖြစ်ပါသည်။
အထက်ပါ Formula နှင့် တူညီသည့် အဖြေရရှိရန် DATEADD ကို အသုံးပြု၍ အောက်ပါတိုင်း ရေးသား နိုင်သည်။
=CALCULATE( [Sales Amount], DATEADD('Date'[Date],-1,YEAR))
အထက်ပါ Formula နှစ်ခုမှာ တူညီသည့် အဖြေရသော်လည်း SAMEPERIODLASTYEAR မှာ ရေးသားရ /နားလည်ရ ပိုမိုလွယ်ကူသည်။ သို့ရာတွင် DATEADD သည် ယခင်နှစ်နှင့်သာမကပဲ မိမိ လိုအပ်သည့် အချိန်ကာလများအတွက်ပါ တွက်ချက်နိုင်သည်။ ဥပမာ ယခုလက်ရှိ တွက်ချက်သည့် ရက်စွဲများ၏ လွန်ခဲ့သည့် သုံးနှစ်မှ တန်ဖိုးများတွက်ချက်ခြင်း၊ ယခု လက်ရှိတွက်ချက်နေသည့် ရက်စွဲများ၏ နောက်တစ်နှစ် တန်ဖိုးများ တွက်ချက်ခြင်း စသည် ဖြင့် ပုံစံအမျိုးမျိုးတွက်ချက်နိုင်သည်။ ထို့အပြင် Year သာမက Quarter, Month, Day များ အတွက်ပါ တွက်ချက်ရယူနိုင်သည်။
အောက်ပါ Formula များသည် DATEADD ကို အသုံးပြု၍ လွန်ခဲ့သည့် နှစ်၊ လ ၊ ကွာတား များအတွက် တွက်ချက်ထားခြင်းဖြစ်သည်။
ယခင်နှစ်မှ တန်ဖိုးများ တွက်ချက်ခြင်း
= CALCULATE( [Sales Amount], DATEADD( 'Date'[Date], -1, YEAR ) )
ယခင် Quarter တန်ဖိုးများ တွက်ချက်ခြင်း
= CALCULATE ( [Sales Amount], DATEADD ( 'Date'[Date], -1, QUARTER ) )
လွန်ခဲ့သည် နှစ်လမြောက်မှ တန်ဖိုးများ တွက်ချက်ခြင်း
= CALCULATE ( [Sales Amount], DATEADD ( 'Date'[Date], -2, MONTH ) )
အထက်ပါ Formula Pattern များကို ယခုလက်ရှိ တန်ဖိုးများနှင့် ပြီးခဲ့သည့် အခြားအချိန်ကာလတစ်ခုမှ တန်ဖိုးများကို နှိုင်းယှဉ်ကြည့်လိုသည့်အခါ အသုံးပြုနိုင်သည်။
ဥပမာ အားဖြင့် အထက်ပါ Pivot Table တွင် Sales Amount Measure နှင့် အထက်တွင်ရေးသားခဲ့သော ယခင်နှစ်မှ တန်ဖိုးများတွက်ချက်သည့် Last Year using DATEADD Measure တို့ကိုသာ ထည့်သွင်း ပြီး ရရှိလာသည့် Pivot Table တွင် YEAR Slicer ထည့်သွင်းပါမည်။ ထို့နောက် Slicer တွင် နှစ်တစ်နှစ် ကို ရွေးချယ်၍ ကျန်ရှိသည့် Data များကို Area Chart တစ်ခုအဖြစ် ရေးဆွဲပါမည်။


အထက်ပါပုံတွင် ၂၀၁၅ ခုနှစ် တန်ဖိုးများအား ပြီးခဲ့သည့်နှစ်ဖြစ်သည့် ၂၀၁၄ ခုနှစ် တန်ဖိုးများဖြင့် ယှဉ်တွဲ တွေ့မြင်ရမည် ဖြစ်ရာ နှစ်အလိုက် ရောင်းအား Trend များ ကို လွယ်ကူရှင်းလင်းစွာ မြင်တွေ့ရမည်ဖြစ်သည်။
အထက်ပါ Pivot Table တွင် DATEADD Formula သည် ယခင်နှစ်၏ Quarter တစ်ခုချင်း တန်ဖိုး များကို တွက်ချက်ပေးသွားခြင်းဖြစ်ပြီး PARALLELPERIOD သည် ယခင်နှစ်၏ စုစုပေါင်းတန်ဖိုးကို တွက်ချက်ပေးသွားသည်ကို တွေ့ရပါမည်။
ယခုနှစ်၏ Year-to-Date တန်ဖိုးများကို ယခင်နှစ်၏ စုစုပေါင်းတန်ဖိုးနှင့် ရာခိုင်နှုန်းနှိုင်းယှဉ်တွက်ချက် လိုသည်ဆိုပါစို့။ အောက်ပါအတိုင်း Measure သုံးခု ရေးသား၍ Pivot Table အတွင်း ထည့်သွင်းပါမည်။
YTD Sales:= TOTALYTD ( [Sales Amount], 'Date'[Date] )
Last Year Total Sales:=CALCULATE ( [Sales Amount], PARALLELPERIOD ( 'Date'[Date], -1, YEAR ) )
YTD % over Last Year:= DIVIDE( [YTD Sales] , [Last Year Total Sales] )
Year-to-Date ၏ တန်ဖိုးများကို ယခင်နှစ် စုစုပေါင်းတန်ဖိုးကို နှိုင်းယှဉ်ရာတွင် ပိုမိုမြင်သာစေရန် Chart တစ်ခုအဖြစ် ရေးဆွဲပါမည်။
ထို့အတွက် Pivot Table တွင် YTD Sales နှင့် Last Year Total Sales Measure နှစ်ခုသာ ထည့်သွင်း၍ Area Chart အဖြစ် ရေးဆွဲလိုက်ပါမည်။
10.4.3 ယခင်နှစ် စုစုပေါင်းတန်ဖိုးနှင့် ယခုနှစ် Year-to-Date တန်ဖိုး များနှိုင်းယှဉ်ခြင်း
ယခင်နှစ်၏ စုစုပေါင်းတန်ဖိုးကို ရရှိလိုပါက PARALLELPERIOD ကို အသုံးပြု၍ အလွယ်တကူ တွက်ချက်နိုင်သည်။ PARALLELPERIOD Formula သည် DATEADD Formula နှင့် ရေးသား သည့် Argument များ တူညီပြီး နှစ် (Year) အတွက်သာမကပဲ Month, Quarter များအတွက်ပါ တွက်ချက်နိုင်သည်။
သို့သော် DATEADD သည် ယခုလက်ရှိတွက်ချက်မှုနှင့် သက်ဆိုင်သော Date များနှင့် တူညီသည့် အခြား အချိန်ကာလတစ်ခုမှ တန်ဖိုးများကို တွက်ချက်ပေးခြင်း ဖြစ်ပြီး PARALLELPERIOD သည် လက်ရှိတွက်ချက်မှုနှင့် သက်ဆိုင်သည့် Date များကိုသာမဟုတ်ပဲ သတ်မှတ်လိုက်သည့် အချိန်ကာလ၏ တန်ဖိုးစုစုပေါင်းကို ရယူတွက်ချက်ပေးခြင်းဖြစ်သည်။ ပိုမိုမြင်သာစေရန် အောက်ပါ Formula နှစ်ခုအား Measure အဖြစ်ရေးသားပြီး Pivot Table အတွင်း ထည့်သွင်းပါမည်။
ယခင်နှစ်ကတန်ဖိုးအား DATEADD အသုံးပြုတွက်ချက်ခြင်း
= CALCULATE( [Sales Amount], DATEADD( 'Date'[Date], -1, YEAR ) )
ယခင်နှစ်ကတန်ဖိုးအား PARALLELPERIOD အသုံးပြုတွက်ချက်ခြင်း
=CALCULATE ( [Sales Amount], PARALLELPERIOD ( 'Date'[Date], -1, YEAR ) )


အထက်ပါ Pivot Table တွင် လအလိုက် ရောင်းအားပမာဏ၊ ယခုနှစ် YTD Sales၊ ယခင်နှစ် YTD Sales တို့ကို မြင်တွေ့ရမည်ဖြစ်သည်။
ယခုနှစ်နှင့် ယခင်နှစ် တို့၏ YTD တန်ဖိုးများကို ပိုမိုမြင်သာစေရန်အတွက် အောက်ပါအတိုင်း Area Chart ဖြင့်နှိုင်းယှဉ်နိုင်ပါသည်။
အကယ်၍ ယခင်နှစ်မှ YTD ဖြင့် နှိုင်းယှဉ်လိုခြင်းမဟုတ်ပဲ လွန်ခဲ့သည့် နှစ်နှစ်မြောက်၏ YTD ဖြင့် နှိုင်းယှဉ်လိုပါက ထို လွန်ခဲ့သည့် နှစ်နှစ်မြောက်၏ YTD ရရှိရန် အောက်ပါအတိုင်း ရေးသားနိုင်သည်။
Second Last Year YTD:=CALCULATE([Sales Amount], DATESYTD(DATEADD('Date'[Date],-2,YEAR)))
ယခုနှစ်၏ YTD နှင့် ယခင်နှစ်၏ YTD ကို နှိုင်းယှဉ်သည့်အခါ ခြားနားချက်ကို ရာခိုင်နှုန်းဖြင့် ဖော်ပြခြင်းက ပိုမို အဓိပ္ပါယ်ရှိမည် ဖြစ်ပါသည်။
ခြားနားချက် ရာခိုင်နှုန်းတွက်ချက်ရန်အတွက် ပထမဉီးစွာ Year over Year ခြားနားချက်ရရှိရန် အောက်ပါ အတိုင်း Formula ရေးသားပါမည် -
YOY Differences:= [YTD Sales] - [Last Year YTD Sales]
YOY Difference သည် ယခင်နှစ်၏ YTD တန်ဖိုးနှင့် နှိုင်းယှဉ်လျင် ရာခိုင်နှုန်းအားဖြင့် မည်မျှရှိမည်ကို သိရှိရန် အောက်ပါအတိုင်း ရေးသားနိုင်သည် -
YOY % Differences:= DIVIDE ( [YOY Differences], [Last Year YTD Sales] )
အောက်ပါ Area Chart တွင် YTD Sales, Last Year YTD Sales နှင့် ၎င်းတို့၏ ရာခိုင်နှုန်း ခြားနား ချက်များကို အတူတကွ ဖော်ပြထားခြင်းဖြစ်သည်။

အထက်ပါ Pivot Table တွင် 2016 ခုနှစ်အတွက် Slicer ရွေးချယ်ထားရာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ၂၀၁၅ ခုနှစ်၏ စုစုပေါင်း တန်ဖိုးကို ပြည့်မီခဲ့ကြောင်း ရှင်းလင်းစွာတွေ့မြင်နိုင်သည်။
10.4.4 ယခုနှစ် Year-to-Date နှင့် ယခင်နှစ် Year-to-Date တန်ဖိုးများ နှိုင်းယှဉ်ခြင်း
ယခုနှစ်၏ Year-to-Date တန်ဖိုးကို အောက်ပါ Formula များမှ နှစ်သက်ရာ Formula ကို အသုံးပြု တွက်ချက်နိုင်သည်။
YTD Sales:= TOTALYTD ( [Sales Amount], 'Date'[Date] )
YTD Sales:= CALCULATE ( [Sales Amount], DATESYTD ( 'Date'[Date]) )
ယခင်နှစ်၏ တန်ဖိုးတွက်ချက်ရာတွင် SAMEPERIODLASTYEAR ဖြင့် ပေါင်းစပ်ရေးသားထားသည့် အောက်ပါ Formula များမှ နှစ်သက်ရာ Formula ကို အသုံးပြုတွက်ချက်နိုင်သည်။
Last Year YTD Sales:=TOTALYTD([Sales Amount], SAMEPERIODLASTYEAR('Date'[Date]))
Last Year YTD Sales:=CALCULATE ( [Sales Amount], SAMEPERIODLASTYEAR (DATESYTD ('Date'[Date]) ))



10.4.5 Moving Average တွက်ချက်ခြင်း
Data Trend များကို နှိုင်းယှဉ်ရာတွင် Moving Average တန်ဖိုးများနှင့် နှိုင်းယှဉ်စစ်ဆေးခြင်းသည် လည်း အသုံးများသည်။ ဥပမာ ယခုလတန်ဖိုးကို လွန်ခဲ့သည့် ၆ လ၏ ပျမ်းမျှတန်ဖိုး၊ ၃ လ ၏ ပျမ်းမျှတန်ဖိုး စသည်ဖြင့် နှိုင်းယှဉ်စစ်ဆေးခြင်းမျိုးဖြစ်သည်။ လွန်ခဲ့သည့် ၆ လ၏ ပျမ်းမျှတန်ဖိုးကို ရှာလိုလျင် လွန်ခဲ့သည် ၆ လ၏ စုစုပေါင်းတန်ဖိုးကိုရှာပြီး ၆ နှင့် စားရ မည်ဖြစ်သည်။ ထို့ကြောင့် ယခုလက်ရှိရောက်နေသည့် လအပါအဝင် လွန်ခဲ့သည့် ၆ လ၏ ပျမ်းမျှတန်ဖိုးကို အောက်ပါ Formula ဖြင့် ရှာဖွေပါမည်။
Last 6 Months Total:= CALCULATE ( [Sales Amount],
DATESINPERIOD ( 'Date'[Date], LASTDATE ( 'Date'[Date] ), -6, MONTH ))
အကယ်၍ ယခုလက်ရှိရောက်နေသည့် လမပါဝင်ပဲ လွန်ခဲ့သည့် ၆ လ၏ ပျမ်းမျှတန်ဖိုးကို ရှာဖွေလိုလျင် အောက်ပါအတိုင်း တွက်ချက်နိုင်သည်။
Last 6 Months Total:=
CALCULATE ( [Sales Amount], DATESINPERIOD ( 'Date'[Date],
PREVIOUSDAY(FIRSTDATE ( 'Date'[Date] )), -6, MONTH ))
လွန်ခဲ့သည့် ၆ လ၏ ပျမ်းမျှတန်ဖိုးရရှိရန်အတွက် အပေါ်တွင် ရေးသားရရှိခဲ့သည် စုစုပေါင်းတန်ဖိုးအား ၆ ဖြင့် စားပါမည်။
Last 6 Months Average:= DIVIDE ( [Last 6 Months Total], 6 )
လွန်ခဲ့သည့် ၆ လတန်ဖိုးများ၏ ပျမ်းမျှနှင့် ယခုလက်ရှိလ၏ တန်ဖိုးများကို နှိုင်းယှဉ်ရန်အတွက် အောက်ပါအတိုင်း Chart ရေးဆွဲနိုင်သည်။


