POWER BI Services
Dashboard ဆိုသည်မှာ အရေးကြီးသည့် အချက်အလက်များ၊ အဓိက Chart / Graph များကို တစ်နေရာတည်းတွင် စုစည်းဖော်ပြထားသည့် စာမျက်နှာတစ်ခု ဖြစ်ပါသည်။
Dashboard ပေါ်တွင် ဖော်ပြထားသည့် Chart/Graph များ၊ Data များကို Tiles ဟု ခေါ်ဆိုသည်။ Dashboard တွင် ဖော်ပြလေ့ရှိသည့် Tiles အမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်။
-
Report
-
Dataset
-
Dashboard
-
Q&A question box
-
Excel
-
SQL Server Reporting Services (SSRS)
Dashboard တွင် အဓိကအားဖြင့် Chart / Graph များကို ဖော်ပြလေ့ရှိရာ ထို Chart / Graph များသည် Report အသီးသီးတွင် ရေးဆွဲထားသော Chart / Graph များထဲမှ အရေးကြီးသည့် Chart/Graph များကို ရွေးချယ်ဖော်ပြထားခြင်းဖြစ်သည်။
Report တစ်ခု Design ရေးဆွဲရာတွင် Dataset တစ်ခုတည်းမှ Data များကိုသာ အသုံးပြု၍ Chart/Graph များ ရေးဆွဲနိုင်ခြင်းဖြစ်သော်လည်း Dashboard တစ်ခု ရေးဆွဲရာတွင် Report အသီးသီးရှိ Chart/Graph များကို လိုအပ်သလို ပေါင်းစပ်ဖော်ပြ၍ Design ရေးဆွဲနိုင်ပါသည်။
2.6 Dashboard ဆိုသည်မှာ
ဤစာမျက်နှာတွင်ပါဝင ်သည့် ခေါင်းစဉ်များ
ဆက်လက်လေ့လာရမည့် သင်ခန်းစာ

Image Source: Power BI Team

Image Source: Power BI Team
2.7.1 ရေးဆွဲထားသည့် Report အတွင်းမှ Chart များကို ထည့်သွင်းခြင်း
My Workspace တွင်ရှိသော Report Tab အောက်မှ မိမိရေးဆွဲထားသည့် Report အား Click လိုက်ပါ။ Report ပေါ်လာသည့်အခါ ရေးဆွဲထားသည့် Chart များထဲမှ Dashboard တွင် ထည့်သွင်းလိုသည့် Chart ၏ ညာဘက် အပေါ်ထောင့်မှ Pin Button ကို ကလစ်ပါ။
2.7 Dashboard တစ်ခု စတင်ရေးဆွဲခြင်း

Pin ကို ကလစ်လိုက်သည့်အခါ အောက်ပါအတိုင်း Dashboard သို့ ထည့်သွင်းပြီးကြောင်း Notification တွေ့ရပါမည်။ Dashboard ကို ဖုန်းဖြင့် ကြည့်ရှုသည့်အခါ အဆင်ပြေစေရန်အတွက် သီးသန့် ဒီဇိုင်းရေးဆွဲနိုင်ပါသည်။ အကယ်၍ ဖုန်းအတွက် ရေးဆွဲလိုပါက Create Phone View ကို ကလစ်၍ မိမိ၏ Dashboard ကိုသာ ကြည့်ရှုလိုပါက Go to dashboard ကို ကလစ်ရမည် ဖြစ်ပါသည်။ Option နှစ်ခုလုံး မရွေးချယ်ပဲ အပေါ် ညာထောင့်ရှိ Close Button ဖြင့်လည်း Notification ကို ပိတ်နိုင်ပါသည်။
2.7.2 Insight မှ Chart / Graph များကို ထည့်သွင်းခြင်း
Insight Chart / Graph များ မြင်တွေ့ရသည့်အခါ Dashboard သို့ မိမိထည့်သွင်းလိုသည့် Chart/Graph ၏ ညာဘက် အပေါ်ထောင့်ရှိ Pin Button ကို ကလစ်ပါ။
Q & A ဆိုသည်မှာ မိမိပြန်လည်ရရှိလိုသည့် တန်ဖိုးများကို စာသားဖြင့် ရေးသားမေးမြန်းရုံမျှဖြင့် အဖြေကို Chart/Graph များဖြင့် အလိုအလျောက် ပြန်လည်ထုတ်ပေးသည့် အစွမ်းထက် Tool တစ်ခုဖြစ်ပါသည်။
Power BI Services တွင် Q & A အသုံးပြုရန်အတွက် ရှေးဦးစွာ မိမိတို့ ရေးဆွဲထားသည့် Dashboard ကို ဖွင့်ပါမည်။
My Workspace တွင် Dashboard Tab အောက်မှ မိမိ Dashboard အမည်ကို ကလစ်ပါ။ Dashboard ပေါ်လာသည့်အခါ အပေါ်နားတွင် "Ask a question about your data" ဟု မြင်ရပါမည်။
ထိုနေရာတွင် မိမိရေးသားမေးမြန်းလိုသော မေးခွန်းကို ရိုက်ထည့်ရမည် ဖြစ်ပါသည်။ ယခုသင်ခန်းစာတွင် Quantity အများဆုံး ရောင်းရသည့် Product Category ၅ ခုကို ပြန်လည်ရယူမည် ဖြစ်ပါသည်။ သို့ဖြစ်၍ ရေးသွင်းရမည့်နေရာတွင် Top 5 cat ဟု စတင်ရေးသားလိုက်သည့်အခါ အောက်ပါအတိုင်း တွေ့ရပါမည်။
ဆိုလိုသည်မှာ မိမိတို့၏ Dataset ထဲတွင် cat နှင့် အစပြုပါရှိသည့် Field များကို အဆင်သင့် အလွယ်တကူ ရွေးချယ်နိုင်ရန် ဖော်ပြပေးထားခြင်းဖြစ်ပါ သည်။ ယခုသင်ခန်းစာတွင် Quantity အများဆုံး ရောင်းရသည့် Product Category ၅ ခုကို ရရှိလိုခြင်းဖြစ်ရာ Top 5 product category by quantity ဟု ရေးသားလိုက်ပါမည်။ ထိုအခါ အောက်ပါအတိုင်း Bar Chart ဖြင့် ဖော်ပြပေးသွားသည်ကို တွေ့ရပါမည်။
ရရှိလာသည့် Chart ကို Customize ပြုလုပ်လိုပါက Visualizations အောက်တွင် လိုအပ်သည်များကို ပြုပြင် ပြောင်းလဲပေးနိုင်သည်။ စိတ်ကြိုက်ရရှိပြီဆိုပါက ညာဘက် အပေါ်ထောင့်တွင် ရှိသည့် Pin visual ကို အသုံးပြု၍ Dashboard အတွင်းသို့ ထည့်သွင်းနိုင်ပါသည်။
Q & A တွင် မေးမြန်းနိုင်သည့် Keyword များနှင့် Tips & Tricks များကို Power BI Team မှ အောက်ပါလင့်ခ်တွင် ရှင်းပြထားပါသည်။
https://docs.microsoft.com/en-us/power-bi/consumer/end-user-q-and-a-tips

ထိုအခါ မည်သည့် Dashboard တွင် ထည့်သွင်းမည်ကို သတ်မှတ်ရွေးချယ်ပေးရပါမည်။
Dashboard ယခုမှ စတင် ဖန်တီးခြင်း ဖြစ်သောကြောင့် New Dashboard ကို ရွေးချယ်၍ နှစ်သက်သည့် အမည်ပေးပါ။

ထို့နောက် Report အတွင်းမှ အခြားလိုအပ်သည့် Chart များကိုလည်း Dashboard အတွင်းသို့ ယခုနည်းအတိုင်း ဆက်လက် ထည့်သွင်းနိုင်ပါသည်။
My Workspace အတွင်းမှ Dataset tab အောက်တွင် မိမိ Dataset တွင် တွေ့မြင်ရသည့် အစက်သုံးစက် ကို ကလစ်၍ ပေါ်လာသည့် Menu မှ View Insight ကိုကလစ်ပါ။


ထိုအခါ မည်သည့် Dashboard အတွင်းထည့်သွင်းမည်ကို မေးပါလိမ့်မည်။ တည်ဆောက်ထားပြီး Dasbhoard တွင်းသို့ ထည့်သွင်းလိုသည့်အတွက် Existing Dashboard ကို ရွေးချယ်၍ မိမိ၏ Dashboard အမည်ကို ရွေးချယ် ထည့်သွင်းပါ။

2.7.3 Q & A တွင် Chart များ ရေးဆွဲ၍ Dashboard အတွင်းသို့ ထည့်သွင်းခြင်း




