top of page
2.7 Text File နှင့်  CSV File များမှ ဒေတာများကို ထည့်သွင်းခြင်း

Text files နှင့် CSV files မှ ဒေတာများထည့်သွင်းရန် လုပ်ဆောင်ပုံနည်းလမ်းများမှာ အတူနီးပါးပင်ဖြစ် သည်။ Text file မှ ဒေတာများကို ထည့်သွင်းရန်  Data Tab အောက်ရှိ New Query မှတစ်ဆင့် From File > From Text  ကို အဆင့်ဆင့် Click ပေးရမည်ဖြစ်ပြီး CSV File မှ ဒေတာများကို ထည့်သွင်းလိုပါက From File > From CSV ကို ရွေးချယ်ပေးရမည်ဖြစ်သည်။

Browse window ပေါ်လာပါက ထည့်သွင်းလိုသည့် Text File ( သို့မဟုတ် ) CSV File ကို ရွေးချယ် ပေးရမည်ဖြစ်ပါသည်။

Preview Window တွင်  File Origin၊  Delimiter type ၊ Data Type Detection စသည်တို့ကို လိုအပ် သလို ပြောင်းလဲသတ်မှတ်နိုင်သည်။

လိုအပ်သည့်အတိုင်း သတ်မှတ်ပြီးပါက Power Query တွင် Edit ပြုလုပ်ရန် Transform Data ကို ကလစ်ပါ။ ( အကယ်၍ Excel အတွင်းသို့ တိုက်ရိုက်ထည့်သွင်းလိုလျင် Load ကို ရွေးချယ်ရမည် ဖြစ်ပါ သည်။ )

image62.png
ဆက်လက်လေ့လာရမည့် သင်ခန်းစာ
ဤစာမျက်နှာတွင်ပါဝင်သည့် ခေါင်းစဉ်များ
bottom of page