top of page
2.8 Folder တစ်ခုအတွင်းရှိ Text File များ (သို့မဟုတ်) CSV File များကို Dataset တစ်ခုအဖြစ် ပေါင်းစည်းထည့်သွင်းခြင်း

Power Query အတွင်းသို့ထည့်သွင်းရန် အတွက် Data tab အောက်မှ New Query (Get Data) မှ တစ်ဆင့် From File  > From Folder ကို ကလစ်ပါ။ Browse Window ပေါ်လာသည့်အခါ ထည့်သွင်းမည့် Folder ကို ရွေးချယ်ပါ။ Power Query အတွင်းသို့ ထည့်သွင်းရန် Preview Window ပေါ်လာသည့်အခါ Transform Data ကို ကလစ်ပါ။

Query Editor တွင်ရရှိလာသည့် Column များအနက် Content Column တစ်ခုတည်းသာ လိုအပ်သည့် အတွက် ကျန်သည့် Column  များအား ဖျက်ပါမည်။ ထို့အတွက် Content Column အား  Select မှတ်၊ Right Click  ထောက်ပြီး Remove Other Columns ကို ရွေးချယ်ပါ။

လိုအပ်သည့်အတိုင်း ရွေးချယ်ပြီးပါက OK ပေးလိုက်ပါ။ ထိုအခါ Text File အားလုံး၏ ဒေတာများသည် Dataset တစ်ခုအဖြစ် ပေါင်းစည်း၍ Query Editor အတွင်းသို့ ဝင်ရောက်သွားပါမည်။

မှတ်ချက်။ ရရှိလာသည့် Dataset တွင် Blank row ( null ) များ မပါရှိစေရန်နှင့် Heading Row များ ထပ်ပါမနေစေရန် Filter ထောက်၍ စစ်ဆေးသင့်ပြီး ပါဝင်နေပါက ထို Row များကို အမှန်ခြစ်ဖြုတ်ခဲ့ရန် ဖြစ်သည်။

ကျန်ရှိသည့် Content Column ၏ Heading  ရှိ  Expand Icon ကိုကလစ်ပါ။  ထိုအခါ Combine Files Dialog Box ကျလာပါမည်။ ထို Dialog Box  တွင် File Origin၊ Delimiter ၊ Data Type Detection တို့ကို လိုအပ်သလို ရွေးချယ်ပေးနိုင်သည်။   

image63.png
image64.png
image65.png
image66.png
ဆက်လက်လေ့လာရမည့် သင်ခန်းစာ
ဤစာမျက်နှာတွင်ပါဝင်သည့် ခေါင်းစဉ်များ
bottom of page