top of page
2.6 Website မှ ဒေတာများကို ချိတ်ဆက်ရယူခြင်း

ယခုသင်ခန်းစာတွင် Website မှ ဒေတာများကို Power Query အတွင်းသို့ ချိတ်ဆက်ရယူကြမည် ဖြစ်ပါ သည်။ ယခုသင်ခန်းစာအတွက် Central Bank of Myanmar Website မှ Exchange Rate ဒေတာများကို ချိတ်ဆက်ရယူပါမည်။

Excel Workbook အသစ် (သို့မဟုတ်) လက်ရှိ အလုပ်လုပ်နေသော Excel Work -book တွင် Excel Version 2016/ 2019 ဆိုပါက Data tab အောက်မှ New Query ( သို့မဟုတ် ) Get Data မှ တစ်ဆင့် From Other Sources ကို သွားပြီး ထိုမှတစ်ဆင့် From Web ကို ကလစ်ပါ။ ထိုမှ တစ်ဆင့် From Folder ကို ရွေးချ​ယ်ကလစ်ပါ။  Excel 2010/ 2013 ဖြစ်ပါက Power Query Tab အောက်မှ From Other Sources ကို သွားပြီး ထိုမှတစ်ဆင့် From Web ကို Click ပေးရပါ မည်။

Browse window ပေါ်လာသည့်အခါ ချိတ်ဆက်ရယူမည့် Website Link ကို ထည့်သွင်းပေးရမည်ဖြစ်ရာ ယခုသင်ခန်းစာအတွက် Yangon Stock Exchange ၏ Web Link ကို ထည့်သွင်းလိုက်ပါမည်။

Excel version 2016 နှင့်အထက်ဆိုလျင် ချိတ်ဆက်ရယူမည့် Website ကို မည်သည့် ပုံစံဖြင့် Access လုပ်မည်ကို ရွေးချယ်ပေးနိုင်ပါသည်။ ဆိုလိုသည်မှာ သာမန် Visitor တစ်ယောက်အနေဖြင့် Access ပြုလုပ် မည်လား၊ သို့မဟုတ် Member အနေဖြင့် User Name / Password တို့ကို အသုံးပြု၍ Access ပြုလုပ် မည်လား စသဖြင့် ရွေးချယ်သတ်မှတ်ပေးနိုင်ခြင်းဖြစ်သည်။

ယခုသင်ခန်းစာတွင် သာမန် Visitor တစ်ယောက်အနေဖြင့် ဝင်ရောက်လိုခြင်း ဖြစ်သည့်အတွက် “Anony-mous” ကို ရွေးချယ်ပါမည်။ အကယ်၍ User Name / Password များအသုံးပြုဝင်ရောက်လို ပါက အခြား Option များကို​ ရွေးချယ်နိုင်ပါသည်။

လိုအပ်သကဲ့သို့ ရွေးချယ်ပြီးနောက်  Connect ကိုနှိပ်၍ ချိတ်ဆက်ပါမည်။

ညာဘက် Preview တွင် Table View အစား Web View ကို ရွေးချယ်ပါက Website တွင် မြင်ရသည့် View အတိုင်း မြင်တွေ့ရမည် ဖြစ်သည်။

အကယ်၍ Website အတွင်းမှ Table တစ်ခုထက်ပို၍ ထည့်သွင်းလိုပါက Select Multiple Items ကို အမှန်ခြစ်ပေးရမည် ဖြစ်သည်။

ယခုသင်ခန်းစာတွင် Table 0 နှင့် Table 1 နှစ်ခုကို ထည့်သွင်းလိုသဖြင့် ထို Table နှစ်ခုကို Select  မှတ်လိုက်ပါသည်။ ထို့နောက် Power Query အတွင်းသို့ ထည့်သွင်းရန် Transform Data ကို Click ပါမည်။ Power Query အတွင်းသို့ Table နှစ်ခု ဝင်သွားပြီဖြစ်သည်။

Table 0 သည် US Dollar Exchange Rate ဖြစ်ပြီး Table 1 သည် အခြား Currency များ၏ Exchange Rate များဖြစ်သည်။

Navigator window ပေါ်လာမည်ဖြစ်ပြီး အဆိုပါ Window တွင် Website အတွင်းမှ ချိတ်ဆက် ရယူနိုင် သည့် Table အမည်များကို တွေ့ရမည်ဖြစ်သည်။ Table တစ်ခုစီကို ကလစ်၍ ညာဘက် Preview Pane တွင် မိမိချိတ်ဆက်လိုသည့် ဒေတာ ဟုတ်မဟုတ် ကို စစ်ဆေးနိုင်သည်။

image51.png
image52.png
image53.png
image54.png
image55.png
image56.png

ရရှိထားသည့် Table နှစ်ခုလုံးတွင် Value Column သည် လိုအပ်မှု မရှိသည့်အတွက် အဆိုပါ Column အား Select မှတ်၍ Right Click ထောက် Remove လုပ်ပါမည်။ ထို့နောက် Column Heading များကို သင့်လျော်သည့် အမည်များ ပြောင်းလဲ သတ်မှတ်ပေးပါမည်။ ယခုအခါ အောက်ပါ အတိုင်း Table များ မှန်ကန်စွာရရှိပြီ ဖြစ်ပါသည်။

image57.png
image58.png

သို့သော် အထက်ပါ Table နှစ်ခုမှာ သီးခြား စီဖြစ်နေသဖြင့် Table တစ်ခုအဖြစ် ပေါင်းစည်းရန် Append Queries ကို အသုံးပြုပါမည်။ ထို့အတွက် Table 0 မှ ကို Click ထားပြီး Home Tab အောက်မှ Append Queries ကို Click ပါ။

လိုအပ်သည့်အတိုင်း Exchange Rate Table ရရှိပြီဖြစ်သည့်အတွက် Excel (သို့မဟုတ်) Power Pivot သို့ ထည့်သွင်းရန် Close & Load ကို အသုံးပြုထည့်သွင်းနိင်ပါသည်။

Website တွင် နေ့စဉ်ပြောင်းလဲနေသည့် Exchange Rate များသည် Output Table တွင် Refresh နှိပ်ရုံဖြင့် အလိုလျောက် Update လုပ်ပေးသွားမည် ဖြစ်ပါသည်။

image59.png

Append Box ပေါ်လာသည့်အခါ Table to append တွင် Table 1 ကို ရွေးချယ်၍ OK ပေးပါ။

image60.png

ယခုအခါ Table 1 မှ ဒေတာများသည် Table 0 တွင် ပေါင်းစပ်ထားပြီး ဖြစ်သွားပါမည်။

image61.png
ဆက်လက်လေ့လာရမည့် သင်ခန်းစာ
ဤစာမျက်နှာတွင်ပါဝင်သည့် ခေါင်းစဉ်များ
bottom of page