POWER BI Desktop
ဤ သင်ခန်းစာတွင် Chart / Graph အချို့ကို အသုံးပြု၍ အောက်ပါ Sample Report ရရှိရန် ရေးဆွဲမည် ဖြစ်ပါသည်။
ရှေးဦးစွာ သင်ခန်းစာဖိုင်ကို Download ပြုလုပ်၍ Power BI Desktop သို့ ထည့်သွင်းပါ။ လိုအပ်သည့် Relationship များ ချိတ်ဆက်ပါ။ ထို့နောက် အောက်ပါ Measure နှစ်ခု ရေးသားပါ။
Profit = SUMX(Sales,[Quantity]*(RELATED('Product'[Unit Price])-RELATED('Product'[Unit Cost])))
Revenue = SUMX(Sales,[Quantity]*RELATED('Product'[Unit Price]))
1.6 Report တွင် Chart & Graph များ ရေးဆွဲခြင်း
ဤစ ာမျက်နှာတွင်ပါဝင်သည့် ခေါင်းစဉ်များ
ဆက်လက်လေ့လာရမည့် သင်ခန်းစာ
Visualization အောက်ရှိ နှစ်သက်ရာ Chart ကို ရွေးချယ်ပါ။ ထည့်သွင်းသည့် Chart နှင့်ပတ်သက်၍ လိုသလို ပြုပြင်ပြောင်းလဲရန်အတွက် Fields , Format နှင့် Analytics ဟူ၍ Button သုံးခု တွေ့ရပါမည်။
Gauge Chart သည် Target တန်ဖိုးနှင့် ယခုလက်ရှိ တန်ဖိုးများကို အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံး နှိုင်းယှဉ်ပြပေးနိုင်သည်။
Visualizations အောက်တွင် Gauge Chart Icon ကို ရွေးချယ်၍ Field Button အောက်ရှိ Value Area တွင် Profit Measure ကို ထည့်သွင်းပါမည်။
ထို့နောက် Format Button အောက်ရှိ Gauge axis တွင် Min, Max, Target များကို သတ်မှတ်ပါမည်။ သတ်မှတ် ရမည့် တန်ဖိုးများကို မိမိ လိုအပ်သလို ပြောင်းလဲ သတ်မှတ်နိုင်ပါသည်။

1.6.1 Power BI Desktop တွင် Chart/Graph ရေးဆွဲရန် အခြေခံအချက်များ



ပထမဆုံး တွေ့ရသည့် Button မှာ Field Button ဖြစ်ပြီး ၎င်းအောက်တွင် Chart ရေဆွဲရာတွင် အသုံးပြုမည့် Data များကို ထည့်သွင်းပေးရမည် ဖြစ်ပါ သည်။
အလယ် Button သည် Format Button ဖြစ်ပြီး၎င်းအောက်တွင် ရေးဆွဲ ထားသည့် Chart များကို လိုအပ်သလို Customize ပြုလုပ်နိုင်သည့် Funct-ion များတွေ့ရမည် ဖြစ်ပါသည်။ Chart အမျိုးအစားအပေါ်တွင် မူတည်၍ ပါဝင် သည့် Function များ ကွဲပြားပါလိမ့် မည်။
တတိယမြောက် နောက်ဆုံး မြင်တွေ့ရ သည့် Button မှာ Analytics Button ဖြစ်ပြီး ၎င်း Button သည် Chart အားလုံးတွင် မပါဝင်ပါ။ Analytics Feature ထည့်သွင်း၍ ရသည့် Chart အမျိုးအစားများတွင်သာ မြင်တွေ့ရမည် ဖြစ်ပါသည်။
1.6.2 Gauge Chart




တန်ဖိုးများကို လိုအပ်သလို သတ်မှတ်ပြီးသော်လည်း စာလုံးများမှာ အလွန်သေးနေသောကြောင့် Font Size ကြီးလိုပါသည်။ Title, Target, Axis စသည့် နေရာများတွင်ရှိသော စာလုံးများကို Font Size ကြီးလိုခြင်းဖြစ်ရာ Format tab အောက်တွင် သက်ဆိုင်ရာ နေရာ တစ်ခုချင်းစီတွင် လိုက်လံ ပြောင်းလဲရမည် ဖြစ်ပါသည်။ ထိုသို့ တစ်နေရာစီ လိုက်လံ မပြောင်းလဲပဲ မြန်ဆန်စွာ ပြောင်းလဲလိုလျင် Search Box တွင် text ဟု ရိုက်ထည့်လိုက်ပါ။ ဤ Chart နှင့် သက်ဆိုင်သော နေရာအသီးသီးမှ Text များကို အစဉ်လိုက် မြင်တွေ့ရမည် ဖြစ်ပါသည်။ ထိုအချိန်မှ လိုအပ်သကဲ့သို့ Text Size များကို ပြောင်းလဲနိုင်ပါသည်။
1.6.3 Card
စုစုပေါင်းတန်ဖိုးကို ကိန်းဂဏန်းဖြင့် ထင်ထင်ရှားရှား ပြသလိုသည့်အခါ Card ကို အသုံးပြုလေ့ရှိသည်။
Visualization တွင် Card ကို ရွေးချယ်၍ Fields နေရာတွင် Profit Measure ကို ထည့်သွင်းပါမည်။ ထိုအခါ Card တွင် Profit Measure ၏ စုစုပေါင်း တန်ဖိုးကို တွေ့ရှိရပါမည်။



Format Tab အောက်တွင် Background ၌ Color ပြောင်းလဲခြင်း၊ Font Size & Color ပြောင်းလဲခြင်းများ နှစ်သက်သလိုဆောင်ရွက်ပါ။
ထို့နောက် Profit အတွက်သာမက Revenue နှင့် Quantity များကိုလည်း အလားတူ Card များ ရေးဆွဲပါမည်။ Card ၏ အရွယ်အစားကိုလည်း လိုသလို ပြောင်းလဲနိုင်ပါသည်။
စာသားများ လွယ်ကူစွာ ဖတ်ရှုနိုင်ရန်အတွက် Text Size များကို လိုသလို ပြောင်းလဲပါမည်။
1.6.4 Area Chart
Visualization အောက်တွင် Area Chart ကို ရွေးချယ်၍ Field Button အောက်ရှိ Axis တွင် Brand Name ၊ Values တွင် Profit ကို ရွေးချယ်ပါ။
အပေါ် ဥပမာများကဲ့သို့ပဲ Text Size များကို ကြီးလိုသဖြင့် Search Box တွင် text ဟု ရေးသားပြီး အောက်တွင် ပေါ်လာသည့် Text Size များကို လိုအပ်သလို ပြောင်းလဲပါ။


1.6.5 Bar Chart
Visualization အောက်တွင် Bar Chart ကိုရွေးချယ်၍ Format Button အောက်ရှိ Axis တွင် Product Category ၊ Value တွင် Profit ကို ရွေးချယ်ပါမည်။


1.6.6 Line Chart
Visualization အောက်တွင် Line Chart ကို ရွေးချယ်၍ Field Button အောက်ရှိ Axis တွင် Year ကိုလည်းကောင်း၊ Values နေရာတွင် Profit ကို လည်းကောင်း ထည့်သွင်းပါမည်။


အထက်ပါပုံတွင် 2017 ခုနှစ်၌ Line သည် အောက်ကို စိုက်သွားသည်ကို တွေ့ရပါမည်။ အကြောင်းမှာ 2017 ခုနှစ်အတွက် Data များမှာ တစ်နှစ်လုံးစာ မပါရှိသေးပဲ မတ်လအထိသာ တန်ဖိုးများ ပါရှိခြင်းကြောင့် အခြား နှစ်များနှင့် နှိုင်းယှဉ်လျင် အလွန်နည်းနေသည့်အတွက် Line သည် အောက်ကို စိုက်သွားခြင်းဖြစ်သည်။ တစ်နှစ်လုံးစာ တန်ဖိုးများ မပါရှိသေးသည့်အတွက် 2017 ခုနှစ်အတွက် တန်ဖိုးကိုဤ Chart တွင် မဖော်ပြလိုပါ။
ထို့အတွက် Field Button အောက်ရှိ Filter area တွင် Show items when the value: နေရာတွင် is less than ကို ရွေးချယ်၍ အောက်မှ Box တွင် 2017 ကို ရေးသားထည့်သွင်းပါမည်။ ဆိုလိုသည်မှာ ယခု Chart အတွက် Year တန်ဖိုးများ ပြသည့်အခါ 2017 ထက် ငယ်သည့် နှစ်များကိုသာ ဖော်ပြပေးရန် Filter စစ်ထုတ် သတ်မှတ်ခြင်း ဖြစ်ပါသည်။




ယခုအခါ Chart တွင် လိုအပ်သည့် ခုနှစ်များသာ ပြသပေးသွားမည် ဖြစ်ပါသည်။ ထို့နောက် Text Font Size များကြီးရန်အတွက် Search Box တွင် text ဟု ရေးသား၍ ပေါ်လာသည့် Text Size များကို လိုအပ်သလို ပြောင်းလဲပါ။
ယခု ဆက်လက်၍ ရေးဆွဲထားသည့် Line Chart တွင် Data Trend Line ထည့်သွင်းလိုသည့်အတွက် Analytics Button ကို ကလစ်ပါမည်။ ထိုအခါ ဤ Line Chart တွင် ထည့်သွင်းနိုင်သည့် Analytics Line အမျိုးအစားများကို မြင်တွေ့ရမည် ဖြစ်ပါသည်။
ယခုသင်ခန်းစာတွင် Trend Line ထည့်သွင်းလိုသည် ဖြစ်သည့်အတွက် Trend Line ကလစ်လိုက်ပါမည်။
ထိုအခါ Add Button ပေါ်လာပါမည်။
ထို Button ကို ကလစ်လိုက်သည့်အခါ Line Chart တွင် Trend Line ထည့်သွင်းသွားသည်ကို တွေ့ရပါမည်။ Trend Line ၏ Color နှင့် Style ကိုလည်း နှစ်သက်သလို ပြောင်းလဲနိုင်ပါသည်။
အခြား Analytics Line များထည့်သွင်းခြင်းသည်လည်း Trend Line ထည့်သွင်းခြင်းနှင့့််အားလုံးအတူတူပင် ဖြစ်ပါသည်။ မိမိစိတ်ကြိုက် စမ်းသပ် ထည့်သွင်းစေလိုပါသည်။
1.6.7 Q & A Feature ကို အသုံးပြု၍ Funnel Chart ရေးဆွဲခြင်း
Power BI Desktop တွင် Q & A Feature ကို အသုံးပြုရန်အတွက် Report View တွင် Chart / Graph ရေးဆွဲသော Canvas အဖြူအပေါ်တွင် Double Click နှိပ်ပါ။ ထိုအခါ အောက်ပါအတိုင်း Ask a question about your data ဟူ၍ ပေါ်လာပါမည်။
ထိုပေါ်လာသည့်နေရာတွင် Top 7 township by profit as funnel ဟု ရေးသားပါ။ ဆိုလိုသည်မှာ Profit အလိုက် တန်ဖိုးအများဆုံး မြို့နယ် ၇ ခုကို Funnel Chart ဖြင့် ပြပေးပါဟု ရေးသားခြင်း ဖြစ်ပါသည်။
ထိုအခါ သတ်မှတ်ရေးသားလိုက်သည့်အတိုင်း Funnel Chart ရရှိမည် ဖြစ်ပါသည်။
အထက်ပါ ဥပမာများတွင် ဆောင်ရွက်ခဲ့သည့်အတိုင်း Text Font Size များကို လိုအပ်သလို ပြောင်းလဲပါ။ ထို့နောက် Format tab အောက်တွင် ပေးထားသည့် Format Function များကို အသုံးပြု၍လည်း လိုအပ်သလို ဆက်လက် ပြောင်းလဲနိုင်ပါသည်။



1.6.8 Slicer ထည့်သွင်းခြင်း
Visualization အောက်မှ Slicer ကို ရွေးချယ်၍ Field တွင် Customer table မှ Region ကို ထည့်သွင်းပါ။
Item များကို List အနေဖြင့် Slicer တွင် မြင်တွေ့ရမည် ဖြစ်ပါသည်။ Item နည်းလျင် List ဖြင့်ပြရန် အဆင်ပြေသော် လည်း Item များပါက Dropdown ဖြင့် ပြခြင်းက နေရာယူမှု နည်းစေမည်ဖြစ်ပါသည်။ List မှ Dropdown သို့ ပြောင်းရန် Slicer အပေါ် ညာဘက်ထောင့်ရှိ မြှားလေးကို ကလစ်ပါ။ Menu ကျလာသည့်အခါ Dropdown ကို ရွေးချယ်ပါ။
ယခုထိ ရေးဆွဲပြီးခဲ့သည့် Chart များနှင့်အတူ Slicer ကို အောက်ပါအတိုင်း အတူတကွ နေရာချထားလိုက်ပါမည်။


1.6.9 Title ထည့်သွင်းခြင်း
Report တွင် ထည့်သွင်းမည့် Chart များ ပြည့်စုံစွာ ရေးဆွဲပြီးနောက် Report Title ဆက်လက်ထည့်သွ င်း ပါမည်။ Home tab အောက်မှ Text box ကို ကလစ်ပါ။

Text box ပေါ်လာသည့်အခါ Report Title ရေးထည့်ပါမည်။ ရေးထည့်ပြီးနောက် Font Size ကြီးခြင်း၊ Bold တင်ခြင်း စသည့် Text Format များ လိုအပ်သကဲ့သို့ ပြောင်းလဲပါ။
ထို့နောက် အောက်ပါအတိုင်း ပြီးပြည့်စုံသည့် Report တစ်ခု ရရှိမည် ဖြစ်ပါသည်။



1.6.10 ရေးဆွဲထားသည့် Report များကို ကြည့်ရှုခြင်း
Report ထည့်သွင်းရေးဆွဲထားသည့် Chart သည် Text Font Size သေး၍သော်လည်း ကောင်း၊ ဒေတာများ၍သော်လည်းကောင်း Report ပေါ်တွင် ကြည့်ရှုရသည်မှာ အဆင်မပြေပါ က Focus Mode ကို အသုံးပြု၍ ပုံကြီးချဲ့ ကြည့်ရှုနိုင်သည်။
Focus Mode ကို အသုံးပြုရန်အတွက် ပုံကြီးချဲ့ ကြည့်ရှုလိုသည့် Chart ၏ အပေါ်ညာဘက် ထောင့်ရှိ Focus Mode Button ကို ကလစ်ပါ။

ထိုအခါ Report စာမျက်နှာ တစ်ခုလုံးအပြည့် Chart ကို ပုံကြီးချဲ့ ၍ မြင်ရမည် ဖြစ်ပါသည်။ သာမန် View သို့ ပြန်သွားလိုပါက Back to Report ကို ကလစ်ပါ။
အကယ်၍ Chart ကို ပုံကြီးချဲ့ ကြည့်ရှုလိုခြင်းမဟုတ်ပဲ အခြား Chart တွေထက်ပို၍ ထင်သာ မြင်သာဖြစ်စေလိုသည်ဆိုပါက Focus mode အစား SpotLight ကို အသုံးပြုနိုင်သည်။ SpotLight ကို အသုံးပြုရန်အတွက် Chart ၏ အပေါ် ညာဘက်ထောင့်ရှိ အစက်သုံးစက်ကို ကလစ်ပါ။ Menu ကျလာသည့်အခါ Spotlight ကို ရွေးချယ်ပါ။
ထိုအခါ အခြား Chart များသည် မှိန်သွား၍ လက်ရှိ Spotlight ပြုလုပ်သည့် Chart တစ်ခုကိုသာ ထင်ထင်ရှားရှား မြင်တွေ့ရမည် ဖြစ်ပါသည်။
Spotlight ကို ပြန်ဖြုတ်လိုပါက ယခင်အတိုင်း အစက်သုံးစက်ကို ကလစ်၍ Spotlight ကို ပြန်လည် ရွေးချယ်ပေးရုံသာ ဖြစ်ပါသည်။



1.6.11 Data Filtering on Visualizations
ရေးဆွဲထားသည့် Visual များ၊ Chart Graph များတွင် မိမိလိုအပ်သည့် Item နှင့် စပ်လျဉ်းသည့်တန်ဖိုးများကို သာ ရွေးချယ်ကြည့်ရှုလိုပါက Power BI Desktop တွင် အောက်ပါ နည်းလမ်းများဖြင့် ရိုးရှင်းလွယ်ကူစွာ ကြည့်ရှုနိုင်ပါသည်။
Slicer ကို အသုံးပြု၍ စစ်ထုတ်ခြင်း
Report ရေးဆွဲစဉ် ထည့်သွင်းခဲ့သည့် Slicer တွင် Item တစ်ခု ရွေးချယ်လိုက်ပါက ထို Item နှင့် သက်ဆိုင်သည့် တန်ဖိုးများသာ အခြား Visual များ၊ Chart များတွင် ဖော်ပြပေးမည် ဖြစ်ပါသည်။ အောက်ပါ ဥပမာတွင် Slicer ၌ Bago ဟု ရွေးချယ်လိုက်သည့်အတွက် Bago နှင့် သက်ဆိုင်သည့် တန်ဖိုး များသာ ပြသပေးသွားခြင်း ဖြစ်ပါသည်။
Item ကို ကလစ်၍ စစ်ထုတ်ခြင်း
Power BI Desktop တွင် အလွန်ကောင်းမွန်သည့်အချက်မှာ ရေးဆွဲထားသည့် Chart တစ်ခုခုရှိ Item တစ်ခုကို ကလစ်လိုက်သည့်အခါ ထို ကလစ် လိုက်သည့် Item နှင့် သက်ဆိုင်သည့် တန်ဖိုးများကိုသာ အခြား Chart များတွင် Filter စစ်ထုတ်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။


အထက်ဖော်ပြပါပုံတွင် Product Category တွင် Computer ကို ကလစ်လိုက်သည့်အတွက် Computer နှင့်သက်ဆိုင်သည့် တန်ဖိုးများကိုသာ အခြား Chart များ၊ Visual များတွင် Filter စစ်ထုတ် ဖော်ပြပေးသွားသည်ကို တွေ့ရပါမည်။
အကယ်၍ မူလအတိုင်းပြန်လည်ရရှိလိုပါက နောက်တစ်ကြိမ် Computer ကို ပြန်လည် Click ရမည် ဖြစ်ပါသည်။
Item ကို ကလစ်၍ စစ်ထုတ်ခြင်း
Slicer အသုံးပြု၍သော်လည်းကောင်း၊ Item တစ်ခုကို ကလစ်၍ သော်လည်းကောင်း အခြား Chart များတွင် သက်ဆိုင်သည့် တန်ဖိုးများကိုသာ ပြောင်းလဲ ဖော်ပြပေးစေနိုင်သည်ကို လေ့လာခဲ့ပြီး ဖြစ်ပါသည်။ အကယ်၍ Slicer ကို ရွေးချယ်သည့်အခါတွင် ဖြစ်စေ၊ Item ကို ကလစ်သည့်အခါ ဖြစ်စေ အချို့ Chart များတွင် Filter မသက်ရောက်စေပဲ မူလတန်ဖိုးကိုသာ ဆက်လက်ပေါ်စေလိုလျင် Edit Interaction Function ကို အသုံးပြုနိုင်ပါသည်။
ယခုဥပမာတွင် Slicer တွင် Item ရွေးချယ်လိုက်သည့်အခါ Gauge Chart ၏ တန်ဖိုး မပြောင်းလဲစေရန် Interaction ကို ပြောင်းလဲပါမည်။
ထို့အတွက် ရှေးဉီးစွာ Slicer ကို Select မှတ်ထား၍ Format tab အောက်ရှိ Edit Interaction ကို ကလစ်ပါ။ ထိုအခါ Chart အားလုံး၊ Visual အားလုံး၏ အပေါ်တွင် Filter Icon နှင့် Circle icon တို့ ကို မြင်တွေ့ရမည် ဖြစ်ပါသည်။


Gauge Chart ၏ အပေါ်တွင် Circle icon ကို ကလစ်ပါ။စက်ဝိုင်းလေးမှာ အနက်ရောင် ပြောင်းသွားပါမည်။ ဆိုလိုသည်မှာ Slicer တွင် ပြောင်းလဲမှု များပြုလုပ်သည့်အခါ ဤ Gauge Chart နှင့် ဆက်နွယ် Filter စစ်ထုတ်ခြင်း မပြုတော့ပါဟု သတ်မှတ်ပေးခြင်း ဖြစ်ပါသည်။
ယခုအခါ Slicer တွင် Bago ဟု ပြောင်းလဲရွေးချယ်သည့်အခါ အခြား Chart & Visual များတွင် Bago နှင့် သက်ဆိုင်သည့် တန်ဖိုးများကိုသာ ပြောင်းလဲဖော်ပြပေးသော်လည်း Gauge Chart တွင် မူလတန်ဖိုးကိုသာ ဖော်ပြပေးထားသည်ကို တွေ့ရပါမည်။
Profit Card တွင် Bago ၏ စုစုပေါင်းတန်ဖိုး 647.97M ဟု ပြောင်းလဲ ဖော်ပြသွားသော်လည်း Gauge Chart တွင် မူလစုစုပေါင်းတန်ဖိုး 4.24bn ကိုသာ ဖော်ပြပေးထားသည်ကို တွေ့ရပါမည်။

Product Category Chart ရှိ Item တစ်ခုခုကို ကလစ်လိုက်သည့်အခါတွင်လည်း Gauge Chart ကို မပြောင်းလဲ စေလိုပါက ဖော်ပြခဲ့သည့်အတိုင်းပဲ Product Category Chart ကို ဉီးစွာ Select မှတ်၊ Format tab အောက်မှ Edit Interaction ကို ကလစ်၊ ထို့နောက် Gauge Chart တွင် စက်ဝိုင်းကို ကလစ်၍ None ဟု သတ်မှတ်ပေးရမည်သာ ဖြစ်ပါသည်။
အခြား မည်သည့် Chart ဖြစ်စေ၊ Visual ဖြစ်စေ ဤနည်းအတိုင်းသာ ဖြစ်ပါသည်။
1.7 ရေးဆွဲထားသည့် Report အား Sharing ပြုလုပ်ခြင်း
ရေးဆွဲထားသည့် Report အား Sharing ပြုလုပ်ရန်အတွက် Home Tab အောက်ရှိ Publish Button ကို အသုံးပြု၍ Power BI Service အတွင်းသို့ ထည့်သွင်းရမည် ဖြစ်ပါသည်။

Report and Dashboard Sharing အကြောင်းကို Power BI Services သင်ခန်းစာတွင် အသေးစိတ် ထပ်မံလေ့လာရမည် ဖြစ်ပါသည်။
1.8 ဆက်လက်လေ့လာရန်
Chart / Graph များ ရေးဆွဲခြင်းနှင့် စပ်လျဉ်း၍ Power BI Team မှ ရှင်းပြထားသည့် Video သင်ခန်းစာများမှာ လိုရင်းတိုရှင်းဖြင့် လွယ်ကူ ထိရောက်သည့် အတွက် အဆိုပါ သင်ခန်းစာများကို ကြည့်ရှု လေ့လာစေလိုပါသည်။ သင်ခန်းစာများကို အောက်ပါ Link တွင် လေ့လာနိုင်ပါသည်။
https://docs.microsoft.com/en-us/power-bi/guided-learning/
MyOnlineTrainignHub မှ ဆရာမ ရှင်းပြထားသည့် အောက်ပါ Video သင်ခန်းစာသည်လည်း ထိရောက် ကောင်းမွန်သဖြင့် လေ့လာရန် တိုက်တွန်းလိုပါသည်။

